တချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုး (၅)ဦးကို ဖမ်း မိပြီး ဆိုင်ကယ် (၂၁)စီးပြန်လည်သိမ်းဆည်းရမိ

(မှုခင်း)ဇွန် ၅

မြန်မာ – ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုး (၅)ဦးကို ဖမ်းဆီးရမိပြီး ဆိုင်ကယ် (၂၁)စီးပြန်လည်သိမ်းဆည်းရမိကြောင်း နှင့် လတ်တလောတွင် ထောင်ဒဏ် (၇)နှစ်အထိ ချမှတ်နိုင်သော ပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

တာချီလိတ်မြို့ ရန်အောင်မြေ(ပါလျှံ)ရပ်ကွက်အတွင်း ဆိုင်ကယ်မျာယအား ခိုးယူခဲ့သည့် ပိုင်သွင်ဦး (ခ) ပိုင်ပိုင်အား ကနဦး ဖမ်းဆီးရမိပြီးနောက် ၎င်းအား စစ်ဆေးရာမှ ဇွဲသက်ပိုင်(ခ)ငဇွဲ ၊ ရဲဟိန်းထွဋ် (ခ)ပေါက်ခေါ ၊ သန်းဆွေ (ခ)ဟိန်းစိုး နှင့် စိုင်းသူရအောင်တို့ကို ထပ်မံ ဖမ်းမိခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်ခိုးခံရပြီး နယ်ဝေးရောက်နေသူများအနေဖြင့် ဟောင်လိတ်နယ်ရဲစခန်းအား ဆက်သွယ်မေးမြန်းနိုင်ကြောင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက အသိပေးထားကြောငိး သိရသည်။

ဖမ်းဆီးရမိထားသည့် ဆိုင်ကယ်သူခိုး (၅)ဦးကို ဟောင်လိတ်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၈၀ / ၁၁၄ / ၄၁၄ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

https://t.me/positiveanglenews

PAN

AMT #SZ