ချောင်းဦးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းကို အကြမ်းဖက် PDF များက Drop Bomb ချ၍ တိုက်ခိုက်


ဇွန် ၅

ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ အ.ထ.က ကျောင်းဝင်းအတွင်း ကျောင်းသူ/သားများ ကျောင်းတက်ရန်လာရောက်နေစဉ်အကြမ်းဖက် PDF များမှ Drop Bombများချ၍တိုက်ခိုက်ခဲ့ ကြောင်းသိရသည်။

ထိုသို့ Drop Bomb ချ တိုက်ခိုက်မှုကြောင့် ကျောင်းသားသူငယ်နှင့် အုပ်ထိန်းသူမိဘများလည်း အထိန့်တလန့် ထွက်ပြေးခဲ့ရကြောင်း သိရသည်။

ချောင်းဦးမြို့နယ်၌ ကျေးရွာပေါင်း မြောက်များစွာရှိသော်လည်း စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ခြင်းမရှိပဲ အကြမ်းဖက် PDF များမှ အမျိုးမျိုး ခြိမ်းခြောက်ဖိအားပေးနေပြီး ကျေးရွာများ အပေါ် စိုးမိုးခြယ်လှယ် လျှက်ရှိနေကြောင်းသိရပြီး ချောင်းဦးမြို့ပေါ်ရှိ အ‌ခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်းတည်းတာ ဖွင့်လှစ်လျှက်ရှိကြောင်း သိရသည်။

အကြမ်းဖက် PDF အဖွဲ့များသည် စစ်ရေးပစ်မှတ်မဟုတ်သော စာသင်ကျောင်းများ၊ လမ်းတံတားများ၊ အများပြည်သူပိုင်အဆောက်အဦးများ၊ ဆေးရုံများကို နေ့စဉ်ရက်ဆက်ဆိုသလို Bombခွဲဖျက်နေကြောင်း သိရသည်။

အကြမ်းဖက် PDF များ၏ လုပ်ရပ်သည် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာတိုက်ခိုက်နေသဖြင့် နိုင်ငံ‌တော်အနေဖြင့် ထိရောက်သော မြေပြင်တည်ငြိမ်ရေး လုပ်ဆောင်ပေးရန် လိုလားနေကြောင်း မြေပြင်ပြည်သူများထံမှ သိရပါသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ