OPEC+ က ရေနံထုတ်လုပ်မှုကို ဆက်လက်လျှော့ချထားမည်


(နိုင်ငံတကာ) ဇွန် ၄

ရေနံတင်ပိုသည့်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများအဖွဲ OPEC+ က ရေနံဈေးနှုန်းကို လက်ရှိအတိုင်း ဆက်လက်ထိန်းသိမ်းထားနိုင်ရေးအတွက် ရေနံထုတ်လုပ်မှုကို ဆက်လက်လျှော့ချထားမည်ဟု ဆုံးဖြတ် လိုက်ကြောင်းသိရသည်။

OPEC+ မှ ရေနံနှင့်စွမ်းအင်ဝန်ကြီးများက ဇွန်လ ၂ ရက်တွင် အွန်လိုင်းမှတစ်ဆင့် အစည်းအဝေးပြုလုပ်ပြီး နောက် အဖွဲ့ဝင်နိုင်ငံများ၏ ရေနံထုတ်လုပ်မှုခွဲတမ်းပမာဏကို ၂၀၂၅ ခုနှစ် တစ်နှစ်လုံးစာ အတွက် လက်ရှိနှစ် အတိုင်းထားရှိရန် သဘောတူသည်ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ရေနံထုတ်လုပ်မှုနှင့် ခွဲတမ်းပမာဏမှာ ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် သဘောတူထားသည့်အတိုင်း တစ်ရက်လျှင် တရားဝင်သတ်မှတ်ထုတ်လုပ်မှု ပမာဏထဲမှ ရေနံစိမ်းစည်နှစ်သန်း လျှော့ချ ထုတ်လုပ်ရန်ဖြစ်သည်။

အဖွဲ့တစ်ဖွဲ့လုံး၏ ရေနံထုတ်လုပ်မှုပမာဏမှာ မပြောင်းလဲဘဲရှိသော်လည်း အာရပ်စော်ဘွားများ ပြည်ထောင်စုက တစ်ရက်လျှင် ရေနံစိမ်းစည် ၃ ဒသမ ၅၁၉ သန်းအထိ လျှော့ချထုတ်လုပ် မည်ဖြစ်သည်။

အလားတူ အဖွဲ့ဝင်နိုင်ငံ ရှစ်နိုင်ငံကလည်း မိမိဆန္ဒအလျောက် ရေနံထုတ်လုပ်မှုကို တစ်ရက်လျှင် စည်ပေါင်း ၁ ဒသမ ၆၅ သန်းအထိ လျှော့ချသွားမည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြ ထားသည်။

ထိုကဲ့သို့ မိမိဆန္ဒအလျောက် ရေနံထုတ်လုပ်မှုလျှော့ချခြင်းကို ၂၀၂၅ ခုနှစ်စက်တင်ဘာလအထိ ဈေးကွက် အခြေအနေအပေါ်မူတည်၍ အပြောင်းအလဲလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြ ထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ