အီရန်ပါလီမန်ဥက္ကဋ္ဌက သမ္မတလောင်းအဖြစ် ကြေညာ


(နိုင်ငံတကာ) ဇွန် ၄

လစ်လပ်နေတဲ့ သမ္မတနေရာအတွက် သမ္မတလောင်းအဖြစ် ရှေ့ရိုးစွဲဝါဒီတစ်ဦးဖြစ်သည့် အီရန်ပါလီမန်ဥက္ကဋ္ဌ Mohammad Bagher Ghalibaf က ကြေညာလိုက်သည်။

Mohammad Bagher Ghalibaf သည် တီဟီရန်ရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအဖြစ် စာရင်းသွင်းပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။

အီရန်သမ္မတလောင်းနေရာအတွက် လျှောက်လွှာစုစုပေါင်း ၈၀ ကျော်ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Ahmad Vahidi က သတင်းထောက်များအား ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်တွင် ကျင်းပရန် စီစဥ်ထားသည့် သမ္မတရွေးကောက်ပွဲသည် အီရန်သမ္မတ Ebrahim Raisi ၏ ရုတ်တရက် ဟယ်လီကော်ပတာ မတော်တဆမှုဖြစ်၍ သေဆုံးပြီးနောက် ယခုကဲ့သို့ အလျင်စလိုကျင်းပရခြင်းဖြစ်သည်။

Ghalibaf သည် ၎င်း၏သမ္မတလောင်းအဖြစ် တရားဝင်စာရင်းသွင်းပြီးနောက် သမ္မတအဖြစ် ရွေးကောက်ခံရပါက စီးပွားရေးတိုးတက်စေရမည်ဟု ကတိပြုထားသည်။

အသက် ၆၂ အရွယ်ရှိ Ghalibaf မှာ အီရန်တော်လှန်းရေးအစောင့်တပ်၏ လေတပ် တပ်မှူးဟောင်းတစ်ဦးလည်းဖြစ်သည့်အပြင် အီရန်ရဲတပ်ဖွဲ့၏ ရဲတပ်ဖွဲ့မှူးအဖြစ်တာဝန်ယူခဲ့ပြီး ၂၀၀၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တီဟီရန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ