ရန်ကုန်တိုင်းတွင် ကျောင်းသား ကျောင်းသူ ၁၀၀၇၆၉၅ ဦး ကျောင်းတက်နေ


(ပညာရေး) ဇွန် ၃

၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၂၇၅၄ ကျောင်းတွင် ကျောင်းသား ကျောင်းသူ ၁၀၀၇၆၉၅ ဦး ကျောင်းတက် ပညာသင်ကြား နေကြောင်း သိရသည်။

ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်တွင် မူလတန်းကျောင်း ၁၆၈၀၊ အလယ်တန်းကျောင်း ၆၆၅ ကျောင်း နှင့်အထက်တန်းကျောင်း ၄၀၉ ကျောင်းဖြင့် စုစုပေါင်း ၂၇၅၄ ကျောင်းတို့၌ ကျောင်းသူ ကျောင်းသားများ ကျောင်းအပ်နှံခဲ့ကြပြီး ကျောင်းများစတင်ဖွင့်လှစ်သည့် နေ့တွင် ကျောင်းသား ကျောင်းသူ ၁၀၀၇၆၉၅ ဦး စတင်ပညာသင်ကြားနေကြောင်း သိရသည်။

ရန်ကုန်မြို့အတွင်းရှိကျောင်းများတွင် အထင်ကရတစ်ခုဖြစ်သော ဗိုလ်တထောင် အမှတ်(၆) အထက်တန်းကျောင်း (စိန်ပေါအမျိုးသားကျောင်း)တွင် ကျောင်းစတင်ဖွင့်လှစ်သောနေ့၌ ကျောင်းတက်သူ၊ ကျောင်းပို့သူတို့ဖြင့်စည်ကားနေကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ