ယူကရိန်းက အနောက်အုပ်စုထောက်ပံ့သည့် လက်နက်ဖြင့် ရုရှားနိုင်ငံအတွင်းသို့ ပထမဦးဆုံးစတင်တိုက်ခိုက်


(နိုင်ငံတကာ) ဇွန် ၄

ရုရှားနိုင်ငံအတွင်းသို့ အနောက်နိုင်ငံများမှ ထောက်ပံ့သည့် လက်နက်ဖြင့် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းအစိုးရအဖွဲ့ဝန်ကြီး Iryna Vereshchuk က ၎င်း ၏ တယ်လီဂရမ် စာမျက်နှာတွင် ရေးသားခဲ့သည်။

Iryna Vereshchuk က “အနောက်နိုင်ငံက လက်နက်တွေသုံးခွင့်ပြုတဲ့ ပထမဦးဆုံးရက်မှာပဲ လှပလွန်းပါတယ် ရုရှားရဲ့ S-300 ပါ” ဟု ရေးသားပြီး ရုရှားနိုင်ငံထုတ် S-300 လေကြောင်းရန် ကာကွယ်ရေး ယာဉ်တစ်စီး မီးလောင်ကျွမ်းနေမှုအား ဖော်ပြထားသည်။

ယူကရိန်းသမ္မတ ဇယ်လန်းစကီးမှ ရုရှားနယ်မြေအတွင်း တိုက်ခိုက်မှုအား ခွင့်ပြုခဲ့သည့် သမ္မတ ဘိုင်ဒန်၏ ဆုံးဖြတ်ချက်ကို ချီးကျူးခဲ့ပြီး “ယူကရိန်း၏ တွန်းလှန်နိုင်စွမ်းအား သိသိသာသာ အားကောင်းစေမည်”ဟုဆိုသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ