(ပြည်တွင်း) ဇွန် ၄
မန္တလေးတိုင်းဒေသကြီးအတွင်း ယခု ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်တွင် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ငါးကျောင်း တိုးမြှင့်ဖွင့်လှစ်ပေးထားကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေး မှူးရုံး စီမံကိန်းကြီးကြပ်အကဲဖြတ်ဌာနမှ သိရပါတယ်။
၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက် တန်းကျောင်း ၅၁ ကျောင်းဖွင့်လှစ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအနေဖြင့် ကျောင်းငါးကျောင်းဖွင့်လှစ်ပေးခဲ့ပြီး ယခု ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်တွင်လည်း အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ငါးကျောင်း ကို ပြည်ကြီးတံခွန်မြိုနယ် အမှတ်(၂၇)အခြေခံပညာအထက်တန်းကျောင်း၊ အမရပူရမြိုနယ် အခြေခံပညာအထက် တန်းကျောင်း ပလစ(၂)၊ ပြင်ဦးလွင်မြိုနယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ တံတားဦးမြိုနယ် အခြေခံပညာအထက်တန်းကျောင်းနှင့် မြင်းခြံမြိုနယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတိုကို ထပ်မံတိုး မြှင့်ဖွင့်လှစ်ပေးထားလျက်ရှိပါတယ်။
ဒါ့အပြင် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စုစုပေါင်း အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်း ၈၅ ကျောင်းကို တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ ပါတယ်။
အဆိုပါ ကျောင်းများကို Grade-9 အောင်မြင်ပြီး အလယ်တန်း အဆင့်ပြီးတာနဲ့ ပညာဆက်လက်သင်ယူခွင့်ရရှိအောင် အခွင့်အလမ်းတစ်ခုအနေနဲ့ အခြေခံ ပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများကို ဖွင့်လှစ်ပေးခြင်း ဖြစ်ပါတယ်။
၎င်းကျောင်းသို တက်ရောက်ရာတွင် ကျောင်း အလိုက်ဆိုရင် စက်မှုဘာသာရပ်မှာ ကျောင်သားအယောက် ၉၀၊ စိုက်ပျိုးရေးဘာသာရပ်မှာ ကျောင်းသား အယောက် ၃ဝ၊ မွေးမြူရေးဘာသာရပ်မှာ ကျောင်သားအယောက် ၃၀ ဖြင့် သတ်မှတ်ပြီး လက်ခံလျက်ရှိကြောင်း သိရပါတယ်။
Telegram>>…
https://t.me/positiveanglenews