ပြည်ပအလုပ်အကိုင်အေဂျင်စီစာရင်းများ လိမ်လည်တင်ပြပါက အရေးယူမည်


(ပြည်တွင်း) ဇွန် – ၄

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ အခွန်လျော့ပါးစေဖို့ ရည်ရွယ်ချက်နဲ့ စာရင်းတွေကို လိမ်လည် ပြုစုတင်ပြလာတာတွေကို စိစစ်တွေ့ရှိပါက ထိရောက်စွာအရေးယူသွားမှာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာန ကနေ သိရပါတယ်။

သက်ဆိုင်ရာအေဂျင်စီတွေကို ကောက်ခံခွင့်ရှိတဲ့နှုန်းထားတွေ သတ်မှတ်ထားတာဖြစ်ပြီး နိုင်ငံအလိုက် ပို့ဆောင်ထားတဲ့ လူဦးရေအရေအတွက်နဲ့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း ပေးသွင်းရမှာဖြစ်ကာ စာရင်းတွေလိမ်လည်တင်ပြမယ်ဆိုရင် ထိရောက်စွာ အရေးယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်းမှာရှိတဲ့ စာရင်းတွေကို စိစစ်ဆောင်ရွက်နေတာဖြစ်ပြီး အခွန်ပေးသွင်းဖို့ ကျန်ရှိနေတဲ့ ကုမ္ပဏီတွေအနေနဲ့ ပြည်ပကိုရွှေ့ပြောင်းလုပ်သားစေလွှတ်မှုကို အခွန်ပေးသွင်းဖို့ မပြီးမချင်း ဆိုင်းငံ့သွား မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အခွန်ပေးသွင်းဖို့ကျန်ရှိနေတဲ့ ကုမ္ပဏီ ၁၂ ခု ကိုလည်း သတိပေးစာ ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

Telegram>>…
https://t.me/positiveanglenews

SZ