ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်အောင်ပြုလုပ်နေသူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူ

ဇွန် ၄

      မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အနှောင့်အယှက်အဟန့် အတားဖြစ်စေရန် ရည်ရွယ်၍ ဝိသမလောဘသားများအနေဖြင့် ပြည်တွင်းနိုင်ငံခြား ငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်စေရန် လူမှုကွန်ရက်မီဒီယာများမှ တစ်ဆင့် ဝါဒဖြန့်ချိ ဈေးကစားခြင်း၊ ထို့အပြင် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်
ပေးခွင့်လိုင်စင်ရှိသည့် Money Changer အချို့သည်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စည်မျဉ်းသတ် မှတ်ချက်များအား ချိုးဖောက်၍ နိုင်ငံခြားငွေ လဲလှယ်နှုန်းများအား ဈေးကစားပြီး နိုင်ငံ့စီးပွားရေး မငြိမ်မသက်ဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည့်အတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများမှ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့သည်ဟု ငိရပါသည်။

        ထိုသို့ ဆောင်ရွက်ခဲ့ရာ ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည့် တရားမဝင်နိုင်ငံခြားငွေအရောင်းအဝယ်ပြုလုပ်နေသူများနှင့် ပွဲစားများအပါအဝင် စုစုပေါင်း တရားခံ ၁၄ ဦးအား ဖော်ထုတ်ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

       ၎င်းတို့၏ စစ်ဆေးဖော်ထုတ်ချက်များအရ ပြည် တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်အောင် နောက်ကွယ်မှ ဆောင်ရွက်လျက်ရှိသည့် တရားခံ ၁၁ ဦးအား ဥပဒေနှင့်အညီ ခေါ်ယူစစ်ဆေးနိုင်ရေးဆောင် ရွက်ခဲ့ရာ ၎င်းတို့သည် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်း များ၏ ဖမ်းဆီးခြင်းမခံရစေရန် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရှိရသည်။

        ထိုကဲ့သို့ ပြည်တွင်းနိုင်ငံခြားငွေ လဲလှယ်နှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည့် ဖမ်းဆီးရမိတရားခံ စုစုပေါင်း ၁၄ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် တရားခံ ၁၁ ဦးကိုလည်း ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် အဆိုပါ ထွက် ပြေးတိမ်းရှောင်နေသည့် တရားခံများအား သိရှိပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံ လျှို့ ဝှက်စွာသတင်းပေးပို့နိုင်ကြောင်းနှင့် လက်ခံထားသူများကိုလည်း တရားဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး သတင်းထုတ်ပြန်ထားသည်။

#PAN