နည်းပညာတက္ကသိုလ် ကွန်ပျူတာတက္ကသိုလ် အစိုးရနည်းပညာကောလိပ် အစိုးရစက်မှုလက်မှုသိပ္ပံ အစိုးရနည်းပညာအထက်တန်းကျောင်းတွေကို တစ်ပြိုင်တည်းစတင်ဖွင့်


(ပညာရေး) ဇွန် ၄

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်တွင်ရှိသည့် နည်းပညာတက္ကသိုလ် ကွန်ပျူတာတက္ကသိုလ် အစိုးရနည်းပညာကောလိပ် အစိုးရစက်မှုလက်မှုသိပ္ပံ အစိုးရနည်းပညာ အထက်တန်းကျောင်း တွေကို ယမန်နေ့ ဇွန်လ ၃ ရက်နေ့က တစ်ပြိုင်နက်တည်းဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနနှင့် နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်များ၏ ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ဘွဲ့လွန်ဒီပလိုမာ သင်တန်းများကို ဇွန်လ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ဇွန်လ ၃ ရက်နေ့က တစ်ပြိုင်နက်တည်းဖွင့်လှစ်လိုက်သည့် နည်းပညာတက္ကသိုလ် ၃၅ ကျောင်း၊ ကွန်ပျူတာ တက္ကသိုလ် ၂၆ ကျောင်း၊ အစိုးရနည်းပညာကောလိပ်လေးကျောင်း၊ အစိုးရစက်မှုလက်မှု သိပ္ပံ ၃၁ ကျောင်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများဖြစ်ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ