(ပြည်တွင်း) ဇွန် – ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စတုံကျေးရွာတွင် ယမန်နေ့ နံနက် ၈ နာရီအချိန်တွင် မူးယစ်ဆေးဝါးသတင်းအရ မူးယစ်ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက စစ်ဆေးရှာဖွေစဥ် မြန်မာကျပ်ငွေသိန်း ၃၈၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယမန်နေ့ နံနက် ၆ နာရီအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တာချီလိတ်မှ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များတို့က မူးယစ်ဆေးဝါး သတင်းအရ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံ (အပေါ်) ကျေးရွာအဝင်၊ ပြည်သူ့စစ်ဂိတ်တွင် ပိတ်ဆို့စစ်ဆေး ရှာဖွေနေစဉ် နံနက် ၈ နာရီအချိန်တွင် မိုင်းဟဲ ဘက်မှ လွယ်စီတုံကျေးရွာဘက်သို့ အမည်မသိ အမျိုးသားတစ်ဦး မောင်းနှင်လာသော Toyota Fortuner အဖြူရောင်မော်တော်ယာဉ် ရောက်ရှိလာသဖြင့် ရှာဖွေရန်ရပ်တန့်ခိုင်းစဉ် ယာဉ်အားရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေး သဖြင့် လိုက်လံဖမ်းဆီးရာ အဆိုပါယာဉ်မှာ ယာဘက်နောက်ဘီးပေါက်၍ လွယ်စီတုံ(အောက်) ကျေးရွာအနီးအရောက်တွင် တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးလွတ်မြောက်ခဲ့ ကြောင်း သိရသည်။
ပူးပေါင်းအဖွဲ့ဝင်များက တိမ်းမှောက်လျက်ရှိသော မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းအတွင်းရှိ ဆာလာအိတ် ၁ အိတ်လျှင် WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၂၀၀၀၀၀ ပြားခန့်စီပါ ၄၈ အိတ်၊ စုစုပေါင်း စိတ်ကြွဆေးပြား ၉၆ သိန်းခန့် (စိစစ်ဆဲ)၊ အလေးချိန် ၉၆၀ ကီလိုခန့် မြန်မာကျပ်ငွေကျပ် ၃၈၄၀၀ သိန်းအား သိမ်းဆည်းရမိသဖြင့် ထွက်ပြေးတိမ်းရှောင်သွားသည့် တရားခံအား ဖမ်းဆီးရမိနိုင်ရေးအတွက် ပူးပေါင်းအဖွဲ့ဝင်များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Telegram>>…
https://t.me/positiveanglenews