ကမ္ဘာ့အကြီးဆုံးရွေးကောက်ပွဲ မဲရေတွက်ခြင်းစတင်


(နိုင်ငံတကာ) ဇွန် ၄

အိန္ဒိယနိုင်ငံတွင် ကမ္ဘာ့အကြီးဆုံးရွေးကောက်ပွဲကျင်းပနေပြီး မဲရေတွက်ခြင်းများစတင်နေကြောင်းသိရသည်။

လက်ရှိဝန်ကြီးချုပ် နရင်ဒရာမိုဒီ သမိုင်းဝင်အောင်ပွဲအဖြစ် တတိယအကြိမ် အာဏာရရှိရန် နီးစပ်နေသော်လည်း အတိုက်အခံ ရာဟူဂန္ဓီ၏ ကွန်ဂရက်ပါတီသည်လည်း ရလဒ်ကောင်းအချို့ ရှိနေခြင်းကြောင့် နှစ်ဖက် ထောက်ခံသူများ စောင့်ကြည့်လျက်ရှိသည်။

ဝန်ကြီးချုပ်မိုဒီသည် အမျိုးသားရေးဝါဒီဖြစ်ပြီး လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး ကတိပေးထားသည်။

မိုဒီထောက်ခံသူများသည် နယူးဒေလီရှိ BJP ပါတီ ရုံးချုပ် အပြင်ဘက်တွင် စုဝေးရောက်ရှိနေပြီး မိုဒီၑ လာမည့် သက်တမ်းကို ယုံကြည်ကြောင်း ပြသသည့်အနေဖြင့် အောင်ပွဲခံလျက်ရှိသည်။

ကွန်ဂရက်ပါတီ ထောက်ခံသူများကလည်း မိုဒီ ထပ်မံရွေးကောက်ခံရပါက အိန္ဒိယနိုင်ငံ ပျက်ပြားသွားမည်ဟု ကျွေးကျော်လျက်ရှိသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ