အိန္ဒိယတွင် အပူလှိုင်းကြောင့် ၃ ရက်အတွင်း ၅၀ ကျော်သေဆုံး


(နိုင်ငံတကာ) ဇွန် ၃

အိန္ဒိယနိုင်ငံတွင် အပူလှိုင်းဝင်ရောက်မှုကြောင့် ၃ ရက်အတွင်း ပြည်သူ ၅၀ ကျော်သေဆုံးခဲ့ကြောင်းသိရသည်။

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတ္တာပရာဒေ့ရှ်ပြည်နယ်တွင်လည်း ပြီးခဲ့သည့် သီတင်းအပတ်ကုန်က အပူလှိုင်းကြောင်း လူပေါင်း ၃၃ ဦးအထိသေဆုံးခဲ့ပြီး ဩဋိသာပြည်နယ်တွင်လည်း ၂၀ ဦးခန့် သေဆုံးခဲ့သည်။

အိန္ဒိယသည် လာမည့် ဇွန်လ ၄ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲရလဒ်များကို ကြေညာရန် စီစဉ်ထားပြီး ယခုသေဆုံးမှုများတွင် ဥတ္တာပရာဒေ့ရှ်ပြည်နယ်မှ မဲရုံဝန်ထမ်းများ ပါဝင်ကြောင်းဖော်ပြထားသည်။

ရွေးကောက်ပွဲကျင်းပစဉ် သေဆုံးသွားခဲ့သူများအတွက် ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ အရာရှိချုပ်မှ လျော်ကြေးငွေများ မိသားစုထံပေးအပ်သွားမည်ဟုဆိုသည်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင် လွန်ခဲ့သည့် ၂ ပတ်အတွင်း အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်မှ ၄၆ ဒီဂရီအထိ ရှိနေကြောင်းသိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ