သီရိလင်္ကာတွင် ရေလွှမ်းမိုးမှုကြောင့် လူ ၇ ဦးသေဆုံး


(နိုင်ငံတကာ) ဇွန် ၃

သီရိလင်္ကာတွင် ရေလွှမ်းမိုးမှုကြောင့် လူ ၇ ဦးသေဆုံး


(နိုင်ငံတကာ) ဇွန် ၃

သီရိလင်္ကာနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပေါ်ကာ ၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နိုင်ငံ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနမှ ထုတ်ပြန်ထားသည်။

ကိုလံဘိုမြို့အနီးရှိ Sitawaka ဒေသတွင် မိသားစုဝင် သုံးဦးသည် ၎င်းတို့၏နေအိမ်အား ရေလွှမ်းမိုးမှုကြောင့် သေဆုံးခဲ့ပြီး ခရိုင် ၉ ခုတွင် မြေပြိုမှုအန္တရာယ် သတိပေးချက်များ ထုတ်ပြန်ထားရသည်။


နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများကို ယာယီပိတ်ထားရန် အမိန့်ထုတ်ပြန်ထားပြီး ဒေသအများအပြားတွင် လျှပ်စစ်မီးပြတ်တောက်နေကြောင်းသိရသည်။

ရေဘေးသင့် ပြည်သူများအား ကယ်တင်ရန် သီရိလင်္ကာတပ်မတော်အား အကြောင်းကြားထားကြောင်း အစိုးရတာဝန်ရှိသူများကဆိုသည်။

သီရိလင်္ကာရေတပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး Dushan Wijesinghe က ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ရန် ရေတပ် တပ်ဖွဲ့ ၁၀ ဖွဲ့အား ကနဦးတပ်ဖြန့်ထားပြီး ဆက်လက်၍ တပ်ဖွဲ့ ၁၀၀‌ ကျော်အား ထပ်မံတပ်ဖြန့်သွားမည်ဖြစ်ကြောင်းသိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ