သီတဂူစက္ခုဒါနအဆင့်မြင့်ဆေးရုံကြီး၌ မျက်စိဝေဒနာရှင်များအား စမ်းသပ်စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိ


(ပြည်တွင်း) ဇွန် ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ(မြောက်ပိုင်း)မြိုနယ် ပင်လုံလမ်းရှိ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) ရှစ်ထပ် ကျောင်းဆောင် သီတဂူစက္ခုဒါနအဆင့်မြင့် ဆေးရုံကြီးမှာ ဇွန်လ ၂ ရက်တွင် မျက်စိဝေဒနာရှင်များအား ဆဋ္ဌမအကြိမ် မြောက် အခမဲ့ခွဲစိတ်ကုသပေးရန် စမ်းသပ်စစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိတယ်လို သိရပါတယ်။

အဆိုပါ မျက်စိဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ကုသပေးခြင်းကို နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယ သာသနာပိုင် သီတဂူဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဆရာတော်ဘုရားကြီးကိုယ်တိုင် ဦးဆောင်ပြီး သီတဂူမျက်စိအထူးကုအဖွဲမှ အထူးကုဆရာဝန်ကြီးများက ခေတ်မီ စက်သစ်ကြီးများဖြင့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ် ပေးလျက်ရှိပါတယ်။

သီတဂူစက္ခုဒါန အဆင့်မြင့်ဆေးရုံကြီးတွင် မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိခွဲစိတ်ကုသပေးမှုကို မေလ ၃၁ ရက်မှ ဇွန်လ ၇ ရက်အထိ ဆောင်ရွက်ပေးလျက်ရှိနေတယ်လို့ သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ