လေးကေကော်နှင့်ရသေ့ဂူတွင် KNU PDF များရောက်ရှိနေသည့်အတွက် တိုက်ပဲဖြစ်မည်ကို ဒေသခံများစိုးရိမ်နေ

(ပြည်တွင်း) ဇွန် ၃

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေကော်မြို့ ရပ်ကွက် ၆ နှင့်ရသေ့ဂူနေရာတွေမှာ KNU / PDF အကြမ်းဖက်သောင်းကျန်းသူတွေရောက်ရှိနေသည့်သည့်အတွက် တိုက်ပွဲဖြစ်လာမည်ကို ဒေသခံများ စိုးလျှက်ရှိကြောင်း သိရသည်။

KNDO မှ စစ်ကြောင်းမှူး စောဝင်းမြင့်နှင့် စောတွံ့တေး ဦးဆောင်တဲ့ အကြမ်းဖက်သောင်းကျန်းသူ ၅၀၀ ခန့်ဟာ လေးကေကော ရပ်ကွက် ၆ နှင့် ရသေ့ဂူ နေရာတွေမှာရောက်ရှိနေကြပြီး ဆွယ်တော်စခန်းကိုဝင်တိုက်ရန်စုဖွဲ့နေကြောင်း မြေပြင်သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ သိရသည်။

ထို့အတူ မင်းလက်ပံနှင့် ဖလူးကြီးဖက်မှာလည်း PDF အကြမ်းဖက်​ AAC ရဲမင်း၊ KNU က.စောမု့ဂေနှင့် တပ်ရင်းမှူးအဆင့်ရှိသည့် အယ်ဆဲထူးအဖွဲ့မှလည်း အင်အား ၄၀၀ကျော် ၅၀၀ ခန့်ဖြင့် စုဖွဲ့နေသည်ဟုလည်း သိရှိရသည်။

ယင်းကဲ့သို့အင်အားအများအပြားဖြင့်စုဖွဲ့နေမှုကြောင့် မကြာခင်စစ်ဖြစ်လာမည်ဟု ဒေသခံများယုံကြည်နေပြီး စိုးရိမ်မှုများရှိနေကြောင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

PAN

https://t.me/positiveanglenews