လီဗာပူးလ်ကစားသမားဖြစ်ကြတဲ့ ဒီယက်ဇ် နဲ့ ဂျိုးဂိုးမက်ဇ် တိုကို ခေါ်ယူဖို ပစ်မှတ်ထားနေတဲ့ ဆော်ဒီပရိုလိဂ်


(အားကစား) ဇွန် ၃

ဆော်ဒီပရိုလိဂ်ကလပ်အသင်းများက နွေရာသီအပြောင်းအရွှေ့ကာလမှာ လီဗာပူးလ်ကစားသမားများဖြစ်တဲ့ တိုက်စစ်ကစားသမား ဒီယက်ဇ် နှင့် နောက်ခံကစားသမား ဂျိုးဂိုးမက်ဇ် တို့ကို ခေါ်ယူရန် ပစ်မှတ်ထားနေတယ်လို သိရပါတယ်။

ဆော်ဒီပရိုလိဂ်ကလပ်များအနေနဲ့ လာမယ့် ၂၀၂၄-၂၅ ရာသီမှာ အသင်းတစ်သင်းကို နိုင်ငံခြားကစားသမား ဆယ်ဦးအထိ စာရင်းသွင်းခွင့်ရှိနေတာကြောင့် ယခုနွေရာသီမှာ ဥရောပတွင် ကစားနေတဲ့ ထိပ်တန်းကစားသမား များကို ကြေးကြီးပေးခေါ်ယူရန် စီစဉ်လာခြင်းလည်းဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိနေကြတဲ့ ဒီယက်ဇ် နှင့် ဂိုးမက်ဇ် တိုက ၂၀၂၃-၂၄ ရာသီမှာ လီဗာပူးလ်အတွက် ခြေစွမ်းပြခဲ့သူများဖြစ်ပါတယ်။ ဆော်ဒီကလပ်များက ဒီယက်ဇ် နှင့် ဂိုးမက်ဇ် အပြင် အယ်လစ်ဆန်၊ အီဒါဆန်၊ ဒီဘရိုင်း တိုလို ထိပ်တန်းကစားသမားများကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ