မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းက Junior Lions အမည်ဖြင့် ယူ-၂၀ပြိုင်ပွဲတွင် ဝင်ရောက်ကစားနေ


(အားကစား) ဇွန် ၃

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းက အာဆီယံနှင့်အာရှပြိုင်ပွဲအတွက် ပြင်ဆင်တဲ့အ‌နေနဲ့ Junior Lions အမည်ခံကာ မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်ကစားနေခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲချုပ်(MFF)က သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက် ညနေပိုင်းက အဆိုပါ Junior Lions အသင်းနှင့် ရန်ကုန်ယူနိုက်တက် ယူ-၂၀အသင်းတို ယှဉ်ပြိုင်ကစားရာ Junior Lions အသင်းက တစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲကို အသင်းပေါင်း ၁၃ သင်းနဲ့ ဇွန်လ ၁ ရက်မှစတင်ကာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမ‌အကျော့ အုပ်စုပွဲစဉ်များအပြီးမှာ Junior Lions အသင်းအနေနဲ့ ရမှတ် ၃ မှတ်ဖြင့် အမှတ်ပေးဇယားရပ်တည်မှု အဆင့်(၅)မှာ ရရှိနေပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ