မြန်မာလေကြောင်းလိုင်းမှ ရန်ကုန်-ဗီယင်ကျန်း-ရန်ကုန်ခရီးစဉ်ကို ဇွန်လအတွင်း ပျံသန်းပြေးဆွဲပေးသွားမည်


(ပြည်တွင်း) ဇွန် ၃

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း(MAI)က ရန်ကုန်-ဗီယင်ကျန်း-ရန်ကုန်ခရီးစဉ်ကို ဇွန်လအတွင်း ပျံသန်းပြေးဆွဲပေးမယ်လို့ သိရပါတယ်။

အဆိုပါ လေကြောင်းလိုင်းအနေဖြင့် ပြည်ပလေယာဉ်ခရီးစဉ်များကို ပျံသန်းပြေးဆွဲပေးလျက်ရှိရာ ဇွန်လ အတွင်း လာအိုနိုင်ငံ၏မြို့တော် ဗီယင်ကျန်းမြို့သို့ ပျံသန်းပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။ ၎င်းခရီးစဉ်ကို ဇွန်လ ၂၅ ရက်မှ စတင်ပြီး တစ်ပတ်လျှင် နှစ်ကြိမ် ပျံသန်းပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။

ထိုကဲ့သို ပျံသန်းပြေးဆွဲပေးရာတွင် အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့တိုင်း ပျံသန်းပြေးဆွဲပေးသွားမည် ဖြစ်ကာ ရန်ကုန်မြိုမှ ညနေ ၅ နာရီတွင်ထွက်ခွာပြီး လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြိုသို ဒေသစံတော်ချိန် ည ၇ နာရီတွင် ဆိုက်ရောက်မှာဖြစ်ပါတယ်။

ဗီယင်ကျန်းမြိုမှ ဒေသစံတော်ချိန်ည ၈ နာရီတွင် ပြန်လည်ထွက်ခွာကာ ရန်ကုန်သို မြန်မာစံတော်ချိန် ည ၉ နာရီတွင် ပြန်လည်ဆိုက်ရောက်မှာ ဖြစ်ပါတယ်။ ထိုခရီးစဉ်အတွက် လေယာဉ်လက်မှတ်ခ အနေဖြင့် အမေရိကန်ဒေါ်လာ ၁၅၉ ဒေါ်လာ သတ်မှတ်ထားရှိပါတယ်။

ဒါ့အပြင် ဇူလိုင်လအတွင်းမှာလည်း ကာတာနိုင်ငံ၊ ဒိုဟာမြို့သို့ ခရီးစဉ်အသစ်အဖြစ် ပျံသန်းပြေးဆွဲပေးသွား မည်ဖြစ်ကာ ရန်ကုန်-ဒိုဟာ-ရန်ကုန်ခရီးစဉ်တွင် ရန်ကုန်မြို့မှ မွန်းလွဲ ၂ နာရီ မိနစ် ၃ဝ တွင် ထွက်ခွာမှာဖြစ်ပြီး ဒိုဟာမြို့သို့ ဒေသစံတော်ချိန် ညနေ ၅ နာရီ မိနစ် ၅ဝ တွင် ဆိုက်ရောက်မှာ ဖြစ်ပါတယ်။

ဒို့ဟာမြို့မှ ဒေသစံတော်ချိန် ညနေ ၆ နာရီ မိနစ် ၅၀ တွင် ပြန်လည်ထွက်ခွာကာ ရန်ကုန်မြိုသို့ မြန်မာစံတော်ချိန် နောက်တစ်နေ့ နံနက် ၄ နာရီ မိနစ် ၃ဝ တွင် ပြန်လည်ဆိုက်ရောက်မှာဖြစ်ပြီး အဆိုပါ ခရီးစဉ်အတွက် လေယာဉ်လက်မှတ်ခကို အမေရိကန်ဒေါ်လာ ၅၁၀ သတ်မှတ်ထားကြောင်း အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း လိုင်းမှ သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ