မတောကျေးရွာရှိ အ ကြမ်းဖက် PDF ခေါင်း ဆောင်၏ မင်္ဂလာဆောင်အခမ်းအနားလေကြောင်းပစ်ခံရ၍ PDF အများအပြားသေဆုံး


ဇွန် ၃

ယနေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာရှိ မြို့နယ်အဆင့် အကြမ်းဖက်ခေါင်းဆောင်တစ်ဦး၏ မင်္ဂလာပွဲအခမ်းအနားကို လေကြောင်းမှ ပစ်ခတ်ဗုံးကြဲသွားကြောင်းသိရပြီး သေဆုံးသူနှင့်ဒဏ်ရာရသူများပြားကြောင်း သိရသည်။

သတိုးသားဖြစ်သူသည် မင်းကင်းမြို့နယ် တောင်တွင်းချောင်ဒေသသားဖြစ်ပြီး သတိုးသမီးမှ မတောကျေးရွာသူဖြစ်ကြောင်းသိရသလို လေးကြောင်းပစ်ခတ်မှုလက်နက်ကြီးကျည်သည် မင်္ဂလာမဏ္ဍာပ်၏ ရှေတည့်တည့်သို့ ကျရောက်ပေါက်ကွဲသဖြင့် မင်္ဂလာပွဲအခမ်းအနားကို ဝိုင်းကူနေကြသော အကြမ်းဖက် PDF အဖွဲ့ဝင် ၆၀ ဦးခန့် သေဆုံးပြီး ဒဏ်ရရသူအရေအတွက်မှာ သေဆုံးသူအရေအတွက်ထက်များပြားကြောင်းသိရသည်။
အဆိုပါဗုံကြဲတိုက်ခိုက်ခံရမှုကြောင်း သတိုးသားဖြစ်သူ(အမည်မသိ) သေဆုံးခဲ့ပြီး သတိုးသမီးဖြစ်သူ မနှင်းဆီ(ခ)မစပါယ်အေးမှာ သေဆုံးခြင်းမရှိကြောင်း သိရပါသည်။

Telegram>>…https://t.me/positiveanglenews

PAN

GE #SZ