မက္ကဆီကို သမ္မတရွေးကောက်ပွဲတွင် ပထမဦးဆုံး အမျိုးသမီးသမ္မတ အနိုင်ရ


(နိုင်ငံတကာ) ဇွန် ၃

မက္ကဆီကိုနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် ပထမဦးဆုံး အမျိုးသမီးသမ္မတ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၂ ရက်နေ့ တနင်္ဂနွေနေ့တွင် နိုင်ငံတစ်ဝှမ်း ပြည်သူ ၉၈ သန်းကျော် မဲပေးရွေးချယ်နေပြီး မက္ကဆီကိုမြို့တော်၏ အစိုးရအဖွဲ့ဝင် အကြီးအကဲဟောင်းတစ်ဦးဖြစ်သူ Claudia Sheinbaum မှ အပြတ်မသတ်ဦးဆောင်နေခဲ့သည်။

Claudia Sheinbaum သည် အသက် ၆၁ နှစ် အရွယ်ရှိပြီး ရူပဗေနှင့် စွမ်းအင်ဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်ပြီး ၎င်းသည် ပညာရပ်ဆိုင်ရာ ဂုဏ်ပြုဆုများစွာ ရရှိခဲ့သူတစ်ဦးလည်းဖြစ်သည်။

Claudia Sheinbaum သည် မက္ကဆီကိုနိုင်ငံ၏ လူကြိုက်များသည် Morena ပါတီ၏ သမ္မတလောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး မက္ကဆီကိုနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးသမ္မတ ဖြစ်လာမည်ဖြစ်သည်။

မက္ကဆီကိုနိုင်ငံတောင်ပိုင်းရှိ မဲရုံများတွင်လည်း အကြမ်းဖက်မှုများကြောင့် မဲပေးခြင်းကို ဆိုင်ငံ့ထားရပြီး အဆိုပါ အကြမ်းဖက်မှုများကြောင့် မဲရုံကိုယ်စားလှယ် ၃၀ ကျော်အသတ်ခံခဲ့ရပြီး အရေအတွက်ပိုများလာနိုင်ကြောင်း သိရသည်။

မက္ကဆီကိုနိုင်ငံသည် အိမ်နီးခြင်း အမေရိကန်နိုင်ငံနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်းနှင့် မာဖီးယားဂိုဏ်းများကြောင့် နာမည်ကျော်ကြားသည့် နိုင်ငံလည်းဖြစ်သည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ