ဗြိတိန်ထောက်လှမ်းရေး MI6 မှ တရုတ် အစိုးရဝန်ထမ်းများကို ခေါ်ယူနေကြောင်း ထုတ်ဖော်


(နိုင်ငံတကာ) ဇွန် ၃

ဗြိတိန်အစိုးရ၏ ထောက်လှမ်းရေးအဖွဲ့ဖြစ်သည့် MI6 သည် တရုတ်အစိုးရဝန်ထမ်းများကို သူလျှိုလုပ်ဆောင်ရန် ခေါ်ယူနေကြောင်း တရုတ်အစိုးရပိုင် လူမှုကွန်ယက်စာမျက်နှာတစ်ခုတွင် ထုတ်ဖော်ရေးသားခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏ တရားဝင် Wechat ချန်နယ်တစ်ခုတွင် Wang နှင့် ၎င်း၏ဇနီး Zhou ဟု အမည်ပေးထားသည့် တရုတ်အစိုးရ၏ ဝန်ထမ်းများကို ငွေကြေးဖြင့် စည်းရုံးဆွဲဆောင်ခဲ့ကြောင်းသိရသည်။

စည်းရုံးခံရသည့် မစ္စတာဝမ်နှင့်ဇနီးအား ၂၀၁၅ ခုနှစ် တရုတ်-ဗြိတိသျှ အိတ်ချိန်းအစီအစဉ်အရ ပညာသင်ကြားရန် သွားရောက်နေစဉ် စည်းရုံးဆွဲဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ရေးသားထားသည်။

တရုတ်အနေဖြင့် အဆိုပါအမှုအား စုံစမ်းစစ်ဆေးနေပြီး ထပ်မံသိရှိရသည်များကို တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနမှ ထုတ်ပြန်လျက်ရှိသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ