ပတ်စ်ပိုသက်တမ်းတိုးခြင်းကို အွန်လိုင်းချိန်းဆိုမှု စနစ်ပြောင်းမည်


(နိုင်ငံတကာ) ဇွန် ၃

ပတ်စ်ပိုသက်တမ်းတိုးခြင်းကို အွန်လိုင်းချိန်းဆိုမှု စနစ်ပြောင်းမည်


(နိုင်ငံတကာ) ဇွန် ၃

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းအတွက် အွန်လိုင်းချိန်းဆိုမှုစနစ်ကို ပြောင်းလဲဆောင်ရွက်မှာဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက မေလ ၃၁ ရက်မှာ အသိပေးကြေညာထားပါတယ်။

လာမယ့် ဇူလိုင်လ ၂၂ ရက်ကစပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းအား သံရုံးသို့ လူကိုယ်တိုင်လာရောက်၍ ကြိုတင်ရက်ချိန်းယူတဲ့ Booking စနစ်ကနေ အွန်လိုင်းချိန်းဆိုမှုစနစ်ကို ပြောင်းလဲသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာသံရုံးအနေနဲ့ ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အကျိုးစီးပွားနဲ့ ကောင်စစ်ဆိုင်ရာကိစ္စရပ်တွေကို ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်ပေးနေရာ နိုင်ငံကူး လက်မှတ်သက်တမ်းတိုး လျှောက်ထားမှုများနဲ့ ကောင်စစ်ဆိုင်ရာကိစ္စရပ်တွေကို နေ့စဉ်ဆောင်ရွက်ပေးနေတာ ဖြစ်တယ်လို့လည်း ကြေညာချက်အရ သိရပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့ကိစ္စ ဆောင်ရွက်ဖို့အတွက် မြန်မာသံရုံးကို လူကိုယ်တိုင်လာရောက်ပြီး ကြိုတင်ရက်ချိန်းယူတဲ့ Booking စနစ်နဲ့ ဆောင်ရွက်ပေးနေရာ အချိုရက်များတွင် သံရုံးကိုလာရောက်သူတွေ အရေအတွက်များပြားတာကြောင့် အချိန်ပေးစောင့်ဆိုင်းရမှုတွေ ရှိလာတယ်လိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း ဆောင်ရွက်ဖို့အတွက် လူကိုယ်တိုင်ရက်ချိန်းယူတဲ့စနစ်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈ ရက်အထိ ရက်ချိန်းပေးထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ