နည်းပြသစ်ကို ခေါ်ယူနိုင်ခဲ့ပေမယ့် တရားဝင်မှတ်ပုံတင်နိုင်ခြင်းမရှိသေးတဲ့ ဘာစီလိုနာအသင်း


(အားကစား) ဇွန် ၃

ဘာစီလိုနာအသင်းက နည်းပြသစ်အဖြစ် ဟန်ဆီဖလစ် ကိုခန့်အပ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက အတည်ပြု ကြေညာထားခဲ့ပေမယ့် အသင်းရဲ့ ဘဏ္ဍာရေးအကျပ်အတည်းများကြောင့် အသင်းနည်းပြအဖြစ် တရားဝင်မှတ်ပုံတင် နိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ အသင်းရဲ့ဘဏ္ဍာရေး အကျပ်အတည်းများကြောင့် ပြီးခဲ့တဲ့နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလက ကစားသမားသစ်များကို ခေါ်ယူခဲ့သော်လည်း စပိန်လာလီဂါပြိုင်ပွဲတွင် တရားဝင်ကစားသမား စာရင်း မှတ်ပုံတင်နိုင်ခြင်းမရှိဘဲ နောက်ပိုင်းတွင် အသင်းမူပိုင်ခွင့်များရောင်းချခြင်း၊ အသင်းအားကစားကွင်း အဟောင်းမှ ထိုင်ခုံများကိုရောင်းချခြင်း စသည့်နည်းလမ်းများကို အသုံးပြု၍ ဝင်ငွေများရှာနိုင်ခဲ့ပြီးမှသာ ကစားသမား များကို မှတ်ပုံတင်ခဲ့ပါတယ်။

လက်ရှိတွင်လည်း ဘာစီလိုနာအသင်းဟာ နည်းပြ ဟန်စီဖလစ် ကို မှတ်ပုံတင်နိုင်ရန် ဝင်ငွေရှာဖွေမှုများ လုပ်ဆောင်နေကြောင်း သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ