တီထွင်မှုမူပိုင်ခွင့်ဥပဒေ စတင်အာဏာတည်


(ပြည်တွင်း) ဇွန် ၃

တီထွင်မှုမူပိုင်ခွင့်ဥပဒေကို မေလ ၃၁ ရက်ကစပြီး အာဏာတည်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဇွန်လ ၁ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

အဆိုပါ ဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်က ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၇ နဲ့ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

အခုဥပဒေမှာ အခန်းပေါင်း ၂၅ ခန်းပါဝင်ပြီး တီထွင်မှုမူပိုင်ခွင့်ရရှိသူနဲ့ တီထွင်သူတို့ရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားကို ဥပဒေနဲ့အညီ အကာအကွယ်ပေးဖို့ ပြဋ္ဌာန်းထားတာဖြစ်တယ်လို့ သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ