ဂါဇာကမ်းမြှောင်ဒေသ အပစ်အခတ်ရပ်စဲရေးအခြေ အနေများကို အစ္စရေးက လက်ခံကြောင်း နေတန်ညာဟု လက်ထောက်က အတည်ပြု

ဇွန် ၃

      အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ညာဟု၏
လက်ထောက်တစ်ဦးက ဓားစာခံများအားလုံး လွှတ်
ပေးရန် တောင်းဆိုသည့် Biden မှ ချမှတ်ထားသော
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေး မှ လက်ခံမှုအား အတည်ပြုခဲ့သည်ဟု သိရပါသည်။ အစ္စရေး – ဟား မတ်စ်စစ်ပွဲတွင် အပစ်အခတ်ရပ်စဲရန်နှင့် ဟားမတ်စ် မှ ဖမ်းဆီးထားသည့် ဓားစာခံအားလုံးလွှတ်ပေးရန် တောင်းဆိုသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ မူဘောင်သဘောတူညီချက်ကို အစ္စရေးမှ လက်ခံခဲ့သည်ဟု ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟု၏ လက် ထောက် တစ်ဦးက ရိုက်တာသတင်းဌာနအား တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

        Britain’s Sunday Times နှင့် အင်တာဗျူး၌ နေတန်ညာဟု၏ နိုင်ငံခြားရေးမူဝါဒ အကြံပေးအကြီး အကဲ Ophir Falk က ဆက်လက်လုပ်ဆောင်ရန် အသေးစိတ်အချက်များ ကျန်ရှိနေသေးသည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။

       Falk က “ဒါဟာ ကောင်းမွန်တဲ့ သဘောတူညီချက် တစ်ခု မဟုတ်ပါဘူး၊ ဒါပေမယ့် ဓားစာခံတွေ အားလုံး ကို လွှတ်ပေးစေချင်ပါတယ်” ဟု ပြောကြားခဲ့ကာ “ဓား စာခံများ လွှတ်ပေးရေးနှင့် ဟားမတ်စ်အဖွဲ့ကို လူ မျိုးတုံးသတ်ဖြတ်မှု အကြမ်းဖက်အဖွဲ့အဖြစ် ဖျက်ဆီးရေး” အပါအဝင် အစ္စရေး၏ ရည်မှန်းချက်များ မပြောင်းလဲဟု ပြောကြားခဲ့သည်။

      Falk ၏ အဆိုအရ နေတန်ညာဟုသည် ဟားမတ်စ်
များကို ဖျက်ဆီးခြင်းအပါအဝင် အစ္စရေး၏ ရည်မှန်း ချက်များအားလုံး မပြည့်မီမချင်း ရာသက်ပန်အပစ် အခတ်ရပ်စဲရေးအား အကောင်အထည် ဖော်နိုင်မည် မဟုတ်ကြောင်း၊ ဝန်ကြီးချုပ် နေတန်ညာဟုသည် သဘောတူညီချက်အတွက် ဖိအားများနှင့် ရင်ဆိုင် နေရပြီး ၎င်း၏ ညွန့်ပေါင်း မိတ်ဖက်အချို့က ဟားမတ်စ် အပေါ် သက်ညှာမှုပြသည့် မည်သည့်ဘောတူညီချက်ကိုမဆို ဆန့်ကျင်ကန့်ကွက်လျှက်ရှိကြောင်း၊ ဗဟိုဝါဒီ လုပ် ဖော်ကိုင်ဖက် ဗိုလ်ချုပ်ကြီးဟောင်း Benny Gantz က သဘောတူညီချက်ကို ထည့်သွင်းစဉ်းစားလိုသည်ဟု Reuters သို့ ပြောကြားခဲ့ကြောင်း သိရပါသည်။

       Biden ၏ ကြိုးပမ်းမှုကို ဟားမတ်စ်က ယာယီကြို ဆိုခဲ့ပြီး “Biden ရဲ့ မိန့်ခွန်းမှာ အပြုသဘောဆောင်တဲ့ အတွေးအမြင်တွေ ပါဝင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ တောင်းဆိုချက်တွေနဲ့ ကိုက်ညီတဲ့ ပြည့်စုံတဲ့ သဘောတူညီချက် တစ်ခုရဲ့ မူဘောင်အတွင်းမှာ ဒါကို အကောင်အထည် ဖော်စေချင်ပါတယ်” ဟု ဟားမတ်စ် အကြီးတန်းအရာရှိ Osama Hamdan က Al Jazeera သို့ စနေနေ့တွင် ပြောကြားခဲ့သည်။

        ဟားမတ်စ်သည် ဂါဇာကမ်းမြှောင်ဒေသ ထိုးစစ်ကို အာမခံချက်ပေး၍ ရပ်တန့်ရန်၊ ကျူးကျော်တပ်များ အားလုံး ဆုတ်ခွာရေး၊ ပါလက်စတိုင်းများအတွက် လွတ်လပ်စွာလှုပ်ရှားခွင့်နှင့် ပြန်လည်တည် ဆောက်ရေး အကူအညီများ လိုလားနေကြောင်း သိရပါသည်။

       အစ္စရေး-ဟားမတ်စ်စစ်ပွဲမှာ ရက်ပေါင်း ၁၄၀ ရှိလာခဲ့ပြီး ဂါဇာကမ်းမြှောင်အတွင်းနှင့် Rafah သို့ တိုက် ခိုက်နေမှုများအား နိုင်ငံတကာမှ ဆန့်ကျင်ကန့်ကွက်မှု များ ပြားလာကာ ဂျူးဆန့်ကျင်ရေးစိတ်များ ပိုမိုများ ပြားလာခဲ့သည်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် အဆိုပြုထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် အစ္စရေးနှင့် ဟားမတ်စ် နှစ်ဖက်လုံးမှ လက်ခံသည့် သဘောရှိခဲ့ပြီး အသေးစိတ်လုပ်ဆောင်ရမည့် အချက်များ ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု သိရပါ သည်။

#PAN