ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၁၅)ကြိမ်မြောက်အဖြစ် စံချိန်တင်ဗိုလ်စွဲနိုင်ခဲ့တဲ့ ရီးရဲလ်အသင်း


(အားကစား) ဇွန် ၃

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၁၅)ကြိမ်မြောက်အဖြစ် စံချိန်တင်ဗိုလ်စွဲနိုင်ခဲ့တဲ့ ရီးရဲလ်အသင်း


(အားကစား) ဇွန် ၃

ဇွန်လ ၂ ရက်က ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီးရဲလ်အသင်းနဲ့ ဒေါ့မွန်အသင်းတို ပွဲစဉ်မှာ ရီးရဲလ်အသင်းက ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်ပထမပိုင်းမှာ အပြန်အလှန်တိုက်စစ်တွေနဲ့ ယှဉ်ပြိုင်ခဲ့ကြပြီး ဂိုးမရှိသရေနဲ့သာ ပြီးဆုံးခဲ့ပါတယ်။

‌ဒုတိယပိုင်း ပွဲချိန် ၇၄ မိနစ်မှာ ရီးရဲလ်အသင်းအတွက် ကာဗာဟယ်လ် က ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သလို ဗင်နီစီးယပ်စ် ကလည်း ပွဲချိန် ၈၃ မိနစ်မှာ အနိုင်သေချာစေမယ့် သွင်းဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ဆုဖလားကို ပြိုင်ပွဲသမိုင်းတစ်လျှောက် (၁၅)ကြိမ်မြောက် ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး ၂၀၂၁-၂၂ ရာသီနောက်ပိုင်း တစ်ကျော့ပြန်ဗိုလ်စွဲခဲ့ခြင်းလည်း ဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ