(ပညာရေး) ဇွန် ၂
ဇွန်လ ၂ ရက်နေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် ကျောင်းများနှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းသား/ ကျောင်းသူ ၆၃၉၄၅၂၈ ဦးအပ်နှံပြီးစီးခဲ့ကြောင်း သိရသည်။
ကျန်ရှိသည့် ကျောင်းသားကျောင်းသူများလည်း ဆက်လက်၍ သက်ဆိုင်ရာကျောင်းများထံသို့လာရောက်ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများအသီးသီးတွင် မိဘအုပ်ထိန်းသူများနှင့် ကျောင်းသားကျောင်းသူများ ကျောင်းလာရောက်အပ်နှံလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအလိုက်ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ် ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ဆရာမများကလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများအဆင်ပြေချောမွေ့ စွာကျောင်းအပ်နှံနိုင်ရေးဆောင်ရွက်ပေးကြကြောင်း သိရသည်။
ပညာရေး ဝန်ကြီးဌာနမှ ကျောင်းအပ်နှံသည့် ကလေးများအားလုံးအတွက် ကျောင်းသုံးပြဋ္ဌာန်း ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်တို့ကိုအခမဲ့ဖြန့်ဝေပေးပြီး မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူများကို ကျောင်းဝတ်စုံများပါအခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။
ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျနေသည့် ကျောင်းသား ကျောင်းသူများကိုလည်း ဆက်လက်ကျောင်းအပ်လက်ခံပေး လျက်ရှိကြောင်းသိရသည်။
Telegram>>…https://t.me/positiveanglenews