ရေးမြို့၊ အာပုတ်ကျေး ရွာနေ အမျိုးသား ၂ ဦးအား အကြမ်းဖက်သမားက နေအိမ်အတွင်း လာရောက်သတ်ဖြတ်


ဇွန် ၂

မွန်ပြည်နယ်၊ ရေးမြို့၊ ရေးမြို့ပြည်သူ့ဆေးရုံကြီးတွင် ဒဏ်ရာများဖြင့်သေဆုံးနေသော အမျိုးသားအလောင်း ၂ လောင်း ရောက်ရှိနေကြောင်း သတင်းအရ နယ်မြေခံလုံခြုံရေးအဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ အကြမ်းဖက်သောင်းကြမ်းသူများ၏ ပစ်သတ်ခြင်းခံရကြောင်းစစ်ဆေးချက်အရ သိရှိရသည်။

အဆိုပါ ပစ်သတ်ခံရမှုဖြစ်စဉ်မှာ ယမန်နေ့ ည ၁၁ နာရီအချိန်ခန့်က ချောင်းကျေးရွာ အုပ်စု၊ အာပုတ်ကျေးရွာနေ ဦးကျော်လွင်ဦး၊အသက် ၄၂ နှစ် နှင့် ဦးကျော်ဇင်မိုး၊ အသက်် ၃၂ နှစ်တို့သည် ဦးကျော်လွင်ဦး ၏ နေအိမ်၌ ဂိမ်းဆော့နေစဉ် အကြမ်းဖက် (စိစစ်ဆဲ)အဖွဲ့မှ အမည်မသိအမျိုးသား ၂ ဦးသည် ကျုံလောင်းရွာဟောင်းဘက်မှ ဆိုင်ကယ်အမျိုးအစား(စိစစ်ဆဲ) ၁ စီးဖြင့်လာရောက်ပြီး အမျိုးသားတစ်ဦးသည် နေအိမ်အတွင်းသို့ ဝင်ရောက်ကာ သေနတ်အတိုဖြင့် ၅ ချက်ခန့်ပစ်ပြီး ထွက်ပြေးသွားကြောင်းသိရသည်။ အဆိုပါ ဖြစ်စဉ်ကို နေအိမ်နောက်ဘက်ရှိ မီးဖိုချောင်တွင် ထမင်းချက်နေသော ဦးကျော်လွင် ၏ဇနီးဖြစ်သူ ဒေါ်သက်သက်စု မှ သေနတ်သံကြား၍ နေအိမ်ရှေ့သို့ထွက်ကြည့်ရာ ဦးကျော်လွင်ဦးတွင် နောက်ကျော ကျည်ဖေါက်ဝင်ဒဏ်ရာ ၁ ချက်၊ ရင်ဘတ်ဝဲဘက်ကျည်ဖေါက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲတံတောင်ဆစ်ပေါက်ပြဲဒဏ်ရာ ၁ ချက်နှင့် ဦးကျော်ဇင်မိုးတွင် ခါးဝဲဘက် ၃ လက်မခန့် ပေါက်ပြဲ အူထွက်ဒဏ်ရာ ၁ ချက်တို့ရရှိကာ အခင်းဖြစ်နေရာတွင် ၂ ဦးစလုံးသေဆုံးသွားကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်အား အမှုဖွင့်လစ်နိုင်ရေးနှင့် တရာခံများ ဖမ်းဆီးရမိနိုင်ရေ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

Telegram>>…https://t.me/positiveanglenews

PAN

GE #SZ