နိုင်ငံ၏ အရန်စစ်အင်အားကိုးသိန်းကို အသက်သွင်းရန် ဂျာမနီလွှတ်တော်အမတ်တောင်းဆို

ဇွန် ၂

      ရုရှားနိုင်ငံက စစ်ပြင်ဆင်နေသည်ဟုဆိုကာ ဂျာမနီအစိုးရနှင့်တပ်မတော်အနေဖြင့် နိုင်ငံ၏ အရန်စစ်အင် အားကိုးသိန်းကို အသက်သွင်းရန် ဂျာမနီလွှတ်တော်အမတ်တစ်ဦးက တောင်းဆိုလိုက်ကြောင်း သိရသည်။ရုရှားနိုင်ငံက အနောက်အုပ်စုကို ပစ်မှတ်ထားသည့်အနေဖြင့် လူသူလက်နက် စုဆောင်းနေရာချကာ စစ်ပြင်ဆင်နေကြောင်း၊ ထို့ကြောင့် ၎င်းတို့အနေဖြင့်လည်း ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ရေးကို အမြန်ဆုံး လုပ် ဆောင်ရမည်ဖြစ်ကြောင်း လွှတ်တော်၏ ကာ ကွယ်ရေးကော်မတီဥက္ကဋ္ဌက ပြောသည်။

        ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ်စတိုရီးယက် က ဂျာမနီနိုင်ငံအနေဖြင့် စစ်မှုထမ်းဥပဒေကို ပြန် လည်အသက်သွင်းမည့်အစား တပ်သားသစ်စုဆောင်းရေးအစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ် ဆောင်သွားရန် စီစဉ်ထားကြောင်းပြောပြီးနောက် ကာကွယ်ရေးကော်မတီဥက္ကဋ္ဌက ယခုကဲ့သို့ မှတ်ချက်ပြုပြောခြင်း ဖြစ်သည်။ ဂျာမနီနိုင်ငံက စစ်မှုထမ်းဥပဒေကျင့်သုံးမှုကို ၂၀၁၁ ခုနှစ်တွင် ဆိုင်းငံ့ထားခဲ့ခြင်းဖြစ်သည်။

       ဂျာမနီနိုင်ငံသည် ယူကရိန်းနိုင်ငံသို့ စစ်ရေးအရ ထောက်ပံ့မှုပေးနေသည့် နိုင်ငံကြီးတစ်နိုင်ငံဖြစ်ကာ ပြီးခဲ့သည့်နှစ်နှစ်အတွင်း ယူရို ၁၀ ဘီလီယံအထိ ထောက် ပံ့ပေးခဲ့သည်။ ထို့ပြင် ဂျာမနီနိုင်ငံအနေဖြင့် ယူကရိန်း နိုင်ငံက NATO တပ်ဖွဲ့မှ ထောက်ပံ့ပေးထားသော တာဝေးပစ်လက်နက်များကို အသုံးပြု၍ ရုရှားနိုင်ငံ အတွင်းပိုင်းအထိတိုက်ခိုက်ရန် အမေရိကန်နှင့်အတူ ခွင့်ပြုပေးထားသည်။

         တစ်ချိန်တည်းမှာပင် ဂျာမနီနိုင်ငံသည် ကာကွယ် ရေးအသုံးစရိတ်ကို တိုးမြှင့်ထားပြီး စစ်အင်အားကို တိုးချဲ့ရန်လုပ်ဆောင်နေစဉ် နိုင်ငံမှာ စီးပွားရေးအကျပ် အတည်းများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

#PAN