နာမည်ကြီး ဝိန့်စိန်၊ ဇွဲထက်နှင့် အောင်သမာဓိ အပါအဝင် ပွဲစားအချို့ကို ပြည်တွင်းရွှေဈေးကွက်ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင်မှုဖြင့် ဖမ်းဆီး

(စီးပွားရေး) ဇွန်၂

ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည့် တရားမဝင်ရွှေအရောင်းအဝယ်ပြုလုပ်နေသည့် နာမည်ကျော် ရွှေဆိုင်ကြီးများဖြစ်သည့် ဝိန့်စိန်၊ ဇွဲထက်နှင့် အောင်သမာဓိ ဆိုင်များနှင့်ပွဲစားများအပါအဝင် စုစုပေါင်းတရားခံ ၂၁ ဦးအား ဖော်ထုတ်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ဝိသမလောဘသားများအနေဖြင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အနှောင့်အယှက်အဟန့်အတားဖြစ်စေရန် ရည်ရွယ်၍ပြည်တွင်းရွှေဈေးကွက်အတွင်း အရောင်းအဝယ်တစ်ကယ်မဖြစ်သည့် လေပတ်ကားရွှေဈေးနှုန်းများကို လူမှုကွန်ရက်မီဒီယာများမှတစ်ဆင့် ဝါဒဖြန့်ချိ၍ ရွှေဈေးနှုန်းများအား ဈေးကစားပြီး နိုင်ငံ့စီးပွားရေးမငြိမ်မသက်ဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည့်အတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများမှ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းတို့၏ထွက်ဆိုချက်များအရ ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် နောက်ကွယ်မှ ဆောင်ရွက်လျက်ရှိသည့်

ဦးကျော်ငြိမ်း ၊စိန်ကျော်မိုးရွှေဆိုင်၊ နေရပ်လိပ်စာ အမှတ်(၁၀၉)၊ မြေညီထပ်၊ ရွှေဘုံသာလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊
ဦးမျိုးသူဝင်း၊ အကယ်ဒမီ၊ အမှတ်(ဒီ/၁၈)၊ ဦးဝိစာရလမ်း၊ ရွှေသန့်စင်လုပ်ငန်း (၃၄)တိုးချဲ့ရပ်ကွက်၊ စက်မှုဇုန်၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ဦးသက်နောင်ဝင်း၊ ခရမ်းသုံးခွရွှေဆိုင်အမှတ်( ၁၁၉)၊ ဒုတိယထပ်၊ (၂၉)လမ်း (၇)ရပ်ကွက်၊| ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ဦးဆန်းဝင်း၊ ဇွဲထက်ရွှေဆိုင်အမှတ်(၆၅) (၂၂)လမ်း၊ မဟာဗန္ဓုလလမ်းထောင့်၊ လသာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး

ဦးအောင်ဆန်းဝင်း၊ အောင်သမာဓိရွှေဆိုင် အမှတ်(၁၁၂)၊ ၈၉ လမ်း၊ ၂၁ × ၂၂ ကြား၊ မင်းတဲအီကင်းရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊

ဦးအောင်ကောင်းမြတ်၊ ဝိန့်စိန်ရွှေဆိုင် အမှတ်(၄၅၇)၊ မဟာဗန္ဓုလလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ဦးအေးကြူ (ပွဲစား)
ရွှေဇင်ဝင်း ရွှေသန့်စင်လုပ်ငန်း(၂၉)လမ်း၊ အောက်ဘလောက်၊ ပန်းဘဲတန်းမြို့ နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ဦးကျော်ဝင်း(ခ) ပန်းသီး (ပွဲစား) အမှတ်(၂၈)၊ သိမ်ဖြူဈေးဖြတ်လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး

ဦးညီညီဦး(ခ)ချက်ကြီး (ပွဲစား)
အမှတ်(၂)၊ မင်္ဂလာရိပ်သာ၊ ဇဝနရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး

ဒေါ်တင်တင်ခိုင်(ခ)စန္ဒာတင် (ပွဲစား)
အမှတ်(၉၅)၊ ဘုန်းကြီးလမ်း၊ လမ်းမတော်
မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

အဆိုပါ တရားခံ၁၀ ဦးအား ဥပဒေနှင့်အညီ ခေါ်ယူစစ်ဆေးနိုင်ရေးဆောင်ရွက်ခဲ့ရာ ၎င်းတို့သည် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၏ ဖမ်းဆီးခြင်းမခံရစေရန် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်အောင်ဆောင်ရွက်လျက်ရှိသည့် တရားမဝင် ရွှေအရောင်းအဝယ်ပြုလုပ်နေသည့်ပွဲစားများအပါအဝင် ဖမ်းဆီးရမိတရားခံ စုစုပေါင်း ၂၁ ဦးအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့်တရားခံ ၁၀ ဦးအားလည်း ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် အဆိုပါထွက်ပြေးတိမ်းရှောင်နေသည့်တရားခံများအား သိရှိပါသက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများထံ လျှို့ဝှက်စွာသတင်းပေးပို့နိုင်ကြောင်း အသိပေး သတင်းထုတ်ပြန်ထားသည်