ကျောက်ဆည်ရွာအတွင်း ၌ အကြမ်းဖက် PDF များ ၏ လက်နက် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိ


ဇွန် ၂

ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာအတွင်း နယ်မြေရှင်းနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မသင်္ကာဖွယ်ရာ ကား ၁ စီးကို တွေ့ရှိသဖြင့် ရပ်တန့်စစ်ဆေးစဉ်အကြမ်းဖက် PDF များနှင့် အပြန်အလှန်ပစ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား၏ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုမှ သိမ်းဆည်းရမိသော ပစ္စည်းများမှာ M-22 သေနတ် ၁ လက်၊ M-22 ကျည် ၄၂ တောင့်၊ M-22 ကျည်အိမ် ၄ ခု၊ M-4 ကာဘိုင် ၁ လက်၊ M-4 ကျည်အိမ် ၂ ခု၊ M-4 ကျည် ၃၀ တောင့်၊ MG-1 လက်ပစ်ဗုံး ၁ လုံး၊ တရုတ်လက်ပစ်ဗုံး ၁ လုံး၊ HIJET(အဖြူရောင်) ၁ စီးတို့ကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။

Telegram>>…https://t.me/positiveanglenews

PAN

GE #SZ