ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် ပတ်စ်ပို့သက်တမ်းတိုးခြင်းကို အွန်လိုင်းချိန်းဆိုမှု စနစ်ပြောင်းမည်

ဇွန် ၂

      နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းအတွက် အွန်လိုင်းချိန်းဆိုမှုစနစ်ကို ပြောင်းလဲဆောင်ရွက်မှာဖြစ် ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက မေလ ၃၁ ရက်မှာ အသိပေးကြေညာထားသည်။ လာမည့် ဇူလိုင်လ ၂၂ ရက်မှစပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းအား သံရုံးသို့ လူကိုယ်တိုင်လာရောက်၍ ကြိုတင်ရက်ချိန်းယူတဲ့ Booking စနစ်မှ အွန်လိုင်းချိန်းဆိုမှုစနစ်ကို ပြောင်းလဲသွားမှာဖြစ်သည်ဟု ဆိုသည်။

       မြန်မာသံရုံးအနေနှင့် ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားနှင့် ကောင်စစ် ဆိုင်ရာကိစ္စရပ်များကို ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးနေရာ နိုင်ငံကူး လက်မှတ်သက်တမ်းတိုး လျှောက်ထားမှုများနှင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို နေ့စဉ်ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်ဟုလည်း ကြေ ညာချက်အရ သိရပါသည်။

       လက်ရှိတွင် မြန်မာနိုင်ငံသားများအနေနှင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးသည့်ကိစ္စ ဆောင်ရွက်ရန်အတွက် မြန်မာသံရုံးကို လူကိုယ် တိုင်လာရောက်ပြီး ကြိုတင်ရက်ချိန်းယူသည့် Booking စနစ်နှင့် ဆောင် ရွက်ပေးနေရာ အချို့ရက်များတွင် သံရုံးကိုလာရောက်သူများ အရေ အတွက်များပြားခြင်းကြောင့် အချိန်ပေးစောင့် ဆိုင်းရမှုများ ရှိလာသည်ဟုလည်း ကြေညာချက်မှာ ဖော်ပြထားသည်။

         ထို့အပြင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း ဆောင်ရွက်ရန်အတွက် လူကိုယ်တိုင်ရက် ချိန်းယူသည့်စနစ်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈ ရက်အထိ ရက်ချိန်း ပေးထားပြီး ဖြစ်သည်ဟု သိရပါသည်။

#PAN