၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်ကာလ  ကျောင်းအပ်သူ ၆ သန်းနီးပါးရှိ

ဇွန် ၁

       ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းများတွင်   ကျောင်းအပ်နှံသူ ၆ သန်းနီးပါးရှိပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ အချက် အလက်များအရ သိရသည်။

       ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ ကျောင်းအပ်နှံသူ ၅,၉၅၉,၂၈၃ ဦးရှိပြီ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ၏ မေ ၃၀ ရက်နေ့က ကြေညာထားပါသည်။

        ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံသူ ၈ ဒသမ ၁ သန်း ကျော်ရှိခဲ့သော်လည်း တက်ရောက်သူအနေနှင့် ၆ ဒသမ ၇ သန်းကျော်သာ တက်ရောက်နိုင်ခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်းအရ နိုင်ငံတစ်ဝန်းလုံးတွင် အသက် ၁၅ နှစ်နှင့်အထက် လူငယ်နှင့်သက်ကြီးစာမတတ်သူပေါင်း ၄ ဒသမ ၁ သန်းခန့် ရှိနေကြောင်း သိရပါသည်။

#PAN