အမေရိကန်လေယာဉ်တင်သင်္ဘော Eisenhower ကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဟူသီသူပုန် အဖွဲ့ပြော

ဇွန် ၁

       ယီမင်နိုင်ငံအတွင်းရှိ ပြည်နယ်များအပေါ် အမေရိကန်နှင့် ဗြိတိန်တို့ရဲ့ လေကြောင်းမှတိုက်ခိုက်မှုများ အပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ပင်လယ်နီအတွင်းရှိ အမေရိကန်လေယာဉ်တင်သင်္ဘော Eisenhower ကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့က မေလ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

      အမေရိကန်နှင့် ဗြိတိန်စစ်ဘက်တို့သည် ယီမင်နိုင်ငံအတွင်းရှိ ဆာနား၊ ဟိုဒေးဒါနှင့် တိုင်းအက်ဇ် ပြည်နယ်တို့အပေါ် မေလ ၃ဝ ရက်ညပိုင်းက လေကြောင်းမှခြောက်ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဟူသီသူပုန်တပ်ဖွဲ့ပိုင် al-Masirah ရုပ်သံကဖော်ပြသည်။ အဆိုပါတိုက်ခိုက်မှုများအနက် တစ်ခုမှာ ဆာနားမြို့ မြောက်ပိုင်းရှိ လေဆိပ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လေကြောင်းမှတိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ဟူသီသူပုန်တပ်ဖွဲ့ ထိန်းချုပ်ထားသည့်ဒေသများ၌ ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံပြည်သူ များကပြောသည်။

       ဟူသီသူပုန်အဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းများနှင့်အတူ ရပ်တည်ကြောင်း ပြသသည့်အနေဖြင့် ပင်လယ်နီအတွင်း မောင်းနှင်သွားလာနေသည့် အစ္စရေးနှင့်ဆက်နွှယ်သော သင်္ဘောများကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစ၍ တိုက်ခိုက်နေခြင်းဖြစ်သည်။ ၎င်းတိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေ ဖြင့် အမေရိကန်နှင့် ဗြိတိန်တို့က ယခုနှစ်ဇန်နဝါရီလမှစ၍ ဟူသီသူပုန်များအား လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

#PAN