မဟာအောင်မြေမြို့နယ်၊ မန်းမြို့စျေးအတွင်းရှိ ဆယ်သန်းရွှေဆိုင်အား သေနတ်အတို/အရှည် ကိုင်ဆောင်ထားသည့် လူငယ် ၆ ဦးက ဓါးမြတိုက်


(ပြည်တွင်း) ဇွန် ၃၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက်ရပ်ကွက်၊၈၄×၈၅ လမ်းကြား၊ ၃၉×၄၀ လမ်း ကြား၊မန်းမြို့ဈေးအတွင်းရှိ  ဦးသန်းတိုး၊ ၄၆နှစ်၊(ဘ)ဦးလှဟန်၊ ရွှေဆိုင်လုပ်ငန်း၊ ရွာလည်ရပ်၊ စိန်ပန်းရပ်ကွက်၊ မဟာအောင်မြေမြို့နယ်နေသူပိုင်ဆိုင်သည့် ဆယ်သန်း ရွှေဆိုင်အား သေနတ်အတိအရှည်ကိုင်ဆောင်လာသည့် လူငယ် ၆/၇ ဦးခန့်မှ ဓါးမြတိုက်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်ခန့်က မန်းမြို့ဈေးအတွင်းရှိ ဆယ်သန်း ရွှေဆိုင်(၁/၂)သို့ သေနတ်များကိုင်ဆောင်ထားသည့် လူငယ် ၆ ဦးခန့်‌မှ 3 M/6384 ရွှေငါး အဖြူရောင်ယာဥ်ဖြင့် ရောက်ရှိလာပြီး ဆိုင်(၁/၂) အတွင်းမှ လက်ကောက် ၅၀၀ ခန့်၊ နားကွင်း ၂၅၀၊နားဆွဲ ၅၀၀ ခန့်၊ ဆွဲသီး ၃၀၀ ခန့်၊ ဟန်းချိန်း ၁၀၀ ခန့်၊ ခန့်မှန်း ရွှေအလေးချိန် ၂ ပိဿာခန့်၊ ကာလတန်ဘိုး သိန်း ၅၀၀၀ ကျော်ခန့် လုယက်ယူဆောင်သွားခဲ့ကြောင်း၊ ၎င်းလုယက်သူများမှ သေနတ် ၄ ချက်ခန့် ပစ်ဖောက်ကာ ဈေးတောင်ဘက်ပေါက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

Telegram>>…

https://t.me/positiveanglenews

PAN

ZN #SZ