မန္တလေး မှ ကလေးမြို့သို့ သယ်ဆောင်လာသည့် ကာလတန်ဖိုး ကျပ်သိန်း ၂၇၅၀၀ ခန့်ရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


ဇွန် ၁

ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ အေးသာယာကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် ကား ၁ စီးကိုဖမ်းဆီးရမိကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များမှ မူးယစ်ဆေးဝါးသတင်းအရ ကလေးမြို့၊ အေးသာယာကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်၌ စောင့်ဆိုင်းနေစဉ် ယာဉ်မောင်း ဝင်းအောင်ထွန်း၊ အသက် ၆၂ နှစ် နှင့် ယာဉ်နောက်လိုက် တင်မောင်လှ၊ အသက် ၅၇ နှစ် မောင်းနှင်လာသော MITSUBISHI FUSO FIGHTER အမျိုးအစား အဖြူရောင် ၆ ဘီးယာဉ်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးအဖွဲ့ဝင်များမှ အဆိုပါကားကို အသေးစိတ်စစ်ဆေးခဲ့ရာ ဆာလာအိတ် ၂၅ အိတ်ဖြင့်ထည့်ထားသော ဘိန်းဖြူအလေးချိန် ၅၅ ကီလိုဂရမ်(ကာလတန်ဖိုး သိန်း ၂၇၅၀၀ကျပ်)နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

Telegram>>…https://t.me/positiveanglenews

PAN

ZN #SZ