တံတားဦးမြို့နယ်၊သပြေငူကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီဝင် နှစ်ဦးအား အကြမ်းဖက်သမားများသတ်ဖြတ်

(ပြည်တွင်း) ဇွန် ၁

မန္တလေးတိုင်းဒေသကြီး၊ တံတားဦး​မြို့နယ်၊ဂွေးဆောင်ကျေးရွာအုပ်စု၊သပြေငူကျေးရွာတွင် ယမန်နေ့နံနက် ၁၂ နာရီခွဲ အချိန်ခန့်က ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးကော်မတီဝင်နှစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ နေအိမ်၍ လာရောက် သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ သပြေငူကျေးရွာနေ ဦးဝမ်းထွန်း၊၆၅နှစ်၊(ဘ)ဦးကြီးရွှေ၊တောင်သူ(ပြည်ခိုင်ဖြိုးပါတီ၊ရပ်ကျေးကော်မတီဝင်) သည် နေအိမ်၌ရှိနေစဉ် အမည်မသိ အကြမ်းဖက်သမား၊ အမျိုးသား ၂ ဦးမှ နေအိမ်တံခါးဖွင့်ပေးရန် ပြောသဖြင့် တံခါးဖွင့်ပေးရာ အကြမ်း ဖက်သမား ၂ ဦးက ဓါးဖြင့် ထိုး/ခုတ်သွားကြောင်း သိရသည်။

အဆိုပါ သတ်ဖြတ်မှုကြောင့် ဦးဝမ်းထွန်းမှာ ဝဲ-ရင် ဘတ် ထိုးသွင်းဒဏ်ရာ ၁ချက်၊ဝဲ-နောက်ကျော ဖောက်ထွက်ဒဏ် ရာ ၁ချက်၊ဂုတ်ပိုး ပြတ်ရှဒဏ်ရာ ၁ချက်၊လည်ပင်း ပြတ်ရှဒဏ်ရာ ၁ချက်တို့ရရှိပြီး နေအိမ်ရှေ့တွင် လဲကျသေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ ယင်းနေ့ တချိန်တည်းတွင် သပြေငူကျေးရွာနေ ဦးစိန်သောင်း၊ ၆၃ နှစ်၊(ဘ)ဦးဖိုးငြိမ်း၊အုပ်ချုပ်ရေးမှူးဟောင်း၊တောင်သူလုပ်ကိုင်သူ (ပြည်ခိုင်ဖြိုးပါတီ၊ ရပ်ကျေးကော်မ တီဝင်)သည် နေအိမ်၌ရှိနေစဉ် အမည်မသိ အကြမ်းဖက်သမား၊အမျိုးသား ၅ ဦးမှ နေအိမ်တံခါးဖွင့်ပေးရန် ပြောသဖြင့် တံခါးဖွင့်ပေးရာအကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဦးစိန်သောင်းမှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာရရှိပြီး နေအိမ်ရှေ့တွင်လဲကျသေဆုံးသွားကြောင်း သိရှိရသည်။

Telegram>>…https://t.me/positiveanglenews

PAN

ZN #SZ