ကွမ်းယာရောင်းနေသည့် အမျိုးသားတစ်ဦးအားအကြမ်းဖက်PDFနှစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


(ပြည်တွင်း)ဇွန် ၁


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်အမှတ်(၃)ရပ်ကွက်တွင် ယနေ့ညနေ ၆နာရီ၁၁မိနစ်အချိန်ခန့်က ကွမ်းယာရောင်းနေသူအမျိုးသားတစ်ဦးအား အကြမ်းဖက်PDF ၂ဦးမှ သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ အမှတ် ၃ရပ်ကွက်တွင် နေထိုင်သောကိုထွန်းထွန်းဦးအသက်(၃၈)နှစ် ရာအိမ်မှူးအကူသည် ၄င်း၏ကွမ်းယာဆိုင်တွင်ကွမ်းရာရောင်းနေစဥ်အမည်မသိလူငယ်၂ ဦးမှဘေးတွဲဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး အသင့်ပါလာသောသေနတ်ဖြင့် ၂ချက်ပစ်ခတ်၍ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့်ကိုထွန်းထွန်းဦးမှာ အခင်းဖြစ်ရာနေရာ၌ သေဆုံးသွား
သည်ဟုကနဦးသတင်းရရှိသည်။

Telegram>>…https://t.me/positiveanglenews

PAN

ZN #SZ