မေ ၃၁
၂၀၂၄ အတွက် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ကျင်းပပြုလုပ်မယ့် ဗီယက်နမ်လက်မှုအနုပညာပြပွဲတွင် မြန်မာနိုင်ငံမှ လက်မှုအနုပညာလုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲမှ သိရပါတယ်။
အဆိုပါပြပွဲကို ဗီယက်နမ်နိုင်ငံရှိ ဟိုချီမင်းမြို့၊ Sky Expo Center တွင် အောက်တိုဘာလ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဗီယက်နမ်လက်မှုအနုပညာပြပွဲသို့ မြန်မာနိုင်ငံမှ လက်မှုအနုပညာဆိုင်ရာ လုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ရန် Vietnam Handicraft Exporter Association (VIETCRAFT)မှ ဖိတ်ကြား ထားခြင်းဖြစ်ပါတယ်။
ဒါ့အပြင် ပြပွဲအတွင်းမှာပြသမည့် အိမ်တွင်းအလှဆင်ခြင်းနှင့်ဆိုင်တဲ့ လက်မှုအနုပညာပစ္စည်းများ၊ ပရိဘောဂ ပစ္စည်းများ၊ အိမ်သုံးအလှဆင်ပစ္စည်းများနှင့် သိုလှောင်ထိန်းသိမ်းမှုနဲ့ဆိုင်တဲ့ပစ္စည်များ၊ အထည်အလိပ်နှင့်ပန်းထိုး၊ သားရေအိတ်၊ ပန်းပုရုပ်၊ စာရေးကိရိယာ၊ တိုင်းရင်းသားရိုးရာပစ္စည်းများ၊ အမှတ်တရလက်ဆောင်ပစ္စည်းများကို ပြသ ရောင်းချမယ့် ပြခန်းပေါင်း ၁,၆ဝဝ ကျော် ပါရှိမှာဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှ အမှတ်တရလက်ဆောင် ပစ္စည်းများထုတ်လုပ်သူတွေနှင့် လက်မှုအနုပညာထုတ်ကုန် ထုတ်လုပ်သူတွေကို တက်ရောက်ကြရန် ဖိတ်ခေါ်ထား ခြင်းဖြစ်ပါတယ်။
ထိုပြပွဲသို့ အမေရိကန်၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်နိုင်ငံ တိုရှိ နိုင်ငံတကာ လက်မှုအနုပညာ ထုတ်ကုန်နယ်ပယ်မှ စီးပွားရေးလုပ်ငန်းရှင်များအပြင် ဗီယက်နမ်နိုင်ငံမှလည်း စီးပွားရေးလုပ်ငန်းရှင်ဦးရေ ၃,ဝဝဝ ကျော် ပါဝင်တက်ရောက်သွားမယ်လို သိရပါတယ်။
Telegram>>…
https://t.me/positiveanglenews