ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများအား ခွင့်ပြုချက်မရရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို တင်သွင်းရောက်ရှိခြင်းမပြုရန် အသိပေးကြေညာ


(ပြည်တွင်း) မေ ၃၁

ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများအား ခွင့်ပြုချက်မရရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို တင်သွင်းရောက်ရှိခြင်းမပြုရန် အသိပေးကြေညာ


(ပြည်တွင်း) မေ ၃၁

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်မှစတင်၍ သွင်းကုန်လိုင်စင်/ပါမစ် ခွင့်ပြုချက်မရရှိသေးဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို သွင်းကုန်များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက ပိုကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် မေ ၃၀ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ပိုကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ ( ၃/၂၀၂၄) ဖြင့် ထုတ်ပြန်ထားသည်။

အကောက်ခွန်ကုန်လှောင်ရုံအတွင်း ထည့်သွင်းခွင့်ပြုထားသည့် ကုန်ပစ္စည်းများမှအပ ကျန်ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများကို ခွင့်ပြုချက်မရရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို တင်သွင်းရောက်ရှိခြင်းမပြုလုပ်ရန်နှင့် ခွင့်ပြုချက်မရရှိဘဲ ရောက်ရှိပါက အဆိုပါတင်သွင်းသော ကုမ္ပဏီများ ကို ပိုကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်းကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၈ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၀) ဖြင့် ထုတ်ပြန်ထားသော်လည်း သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်မှုမရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို ခွင့်ပြုချက်မရရှိသေးသော ကုန်ပစ္စည်းများကို ကြိုတင်တင်သွင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ကျန်းမာရေးကဏ္ဍတိုအတွက် လိုအပ်သော အရေးကြီးကုန်ပစ္စည်းများကို အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောက်ခွန်ကုန်လှောင်ရုံများတွင် ထည့်သွင်းခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

သိုဖြစ်ပါ၍ ထုတ်ပြန်ထားသော ဥပဒေနှင့် စည်းကမ်းများကို အလေးအနက်ထား လိုက်နာစေရန်ရည်ရွယ်၍ သွင်းကုန်လိုင်စင်/ ပါမစ်ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိဘဲ ကုန်ပစ္စည်းများ ဆိပ်ကမ်းနှင့် လေဆိပ်များသို တင်သွင်းရောက်ရှိမှုမရှိစေရေးအတွက် နှိးဆော်အသိပေးကြေညာခြင်းဖြစ်ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ