ကန့်ဘလူမြို့နယ်၊ ယမနေကျေးရွာအနီး အကြမ်းဖက် PDF များ၏ အလောင်း နှင့် လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိ


မေ ၃၁

ကန့်ဘလူမြို့နယ်၊ ယမနေကျေးရွာအနီး အကြမ်းဖက် PDF များ၏ အလောင်း နှင့် လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိ


မေ ၃၁

ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ယမနေကျေးရွာအနီးတွင် နယ်မြေရှင်းလင်းနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက် PDF များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်အလောင်းများနှင့် ၎င်းတို့၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

ယင်းထိတွေ့ပစ်ခတ်မှုတွင် အကြမ်းဖက် PDF ၄ လောင်း၊ M-22 သေနတ် ၁ လက်၊ M-22 ကျည် ၃၀၀ တောင့်၊ M-22 ကျည်အိမ် ၂ ခု၊ ၁၂ ဗို့ သေနတ် ၂ လက်၊ ၁၂ ဗို့ကျည် ၃၀ တောင့်၊ ၄၀ မမ လက်လုပ်သေနတ် ၁ လက်၊ ၄၀ မမ လက်လုပ်ဗုံးသီး ၅ လုံး၊ လက်လုပ်မိုင်း ၅ လုံးတို့ကို သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။

NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု၊ မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများနှင့်လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု၊ မီးရှို့မှုများအပြင် လူနေအဆောက်အဦများနှင့် အစိုးရရုံးဌာနများကိုလည်း Drop Bomb ဖြင့်ပစ်ချတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိကြောင်း သိရှိရပါသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ