မန်စီတီးအသင်းမှာ ဆက်ရှိနေမယ့် ဒီဘရိုင်း


(အားကစား)မေ ၃၀

မန်စီးတီးအသင်းရဲ့ အဓိကကစားသမားတစ်ဦးဖြစ်သူ ကီဗင်ဒီဘရိုင်း ရဲ့ အကြံပေးများက အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး ဆော်ဒီပရိုလိဂ် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ဒီဘရိုင်း က လာမယ့်ရာသီ မန်စီးတီး အသင်းမှာသာ ဆက်ကစားဖြစ်ဖွယ်ရှိနေကြောင်း သိရပါတယ်။

ကီဗင်ဒီဘရိုင်းကို ယခုရာသီ ဆော်ဒီပရိုလိဂ်ချန်ပီယံ အယ်လ်ဟီလယ်အသင်းက အသည်းအသန် အလိုရှိနေသလို အခြားအသင်းများကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြပါတယ်။

ဒီဘရိုင်း ရဲ့ အကြံပေးများက အခြေအနေအရပ်ရပ်ကို နားလည်ရန်အတွက် တွေ့ဆုံစကားပြောခဲ့ခြင်းဖြစ်ပေမယ့် ဒီဘရိုင်း ကမူ ငွေကြေး မြောက်မြားစွာရမည်ဖြစ်သည့်တိုင် မန်စီးတီးအသင်းမှာသာ ဆက်ကစားလိုနေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

ဆော်ဒီပရိုလိဂ်အသင်းများက ဒီဘရိုင်း အပြင် ဗင်နီစီယပ်စ်ဂျူနီယာ၊ မာတင်နယ်လီ၊ လူးကပ်စ်ပါကေတာ တိုကဲ့သို ကစားသမားများကိုပါ ပစ်မှတ်ထားနေတယ်လို သတင်းများထွက်ပေါ်နေပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ