နာဂဒေသ လဟယ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်လူနေအိမ်အချို့နှင့် လမ်းများပျက်စီး‌


(ပြည်တွင်း) မေ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်မိုးသည်ထန်စွာရွာသွန်းခဲ့သဖြင့် တောင်ကျချောင်းရေများကျဆင်းမှုကြောင့် နေအိမ်အချို့နှင့်လမ်းအချို့ ရေစီးနှင့်မျောပါ ပျက်စီးသွားခဲ့သည်ဟု ဒေသခံများ၏ပြောဆိုချက်များအရ သိရသည်။

လဟယ်မြို့(တိုးချဲ့-၂)ရပ်ကွက်ရှိ ကျလွေချောင်းကမ်းပါးဘေးနားတွင်နေထိုင်သည့် အိမ်ခြေ (၉)လုံး ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးသွားပြီး လဟယ်-ဆင်သေလမ်းကြောင်းမှာလည်း တောင်ကျချောင်းရေကြောင့် လမ်းများပျက်စီးသွားခဲ့သလို ‌ကျလွေချောင်းရေအားလျှပ်စစ် နွံစစ်ကန်နှင့်ရေးအားလျှပ်စစ်စက်ရုံတောင်ပြို၍ ရွှန့်နွံများဖြင့် ပိတ်ဆို့သွားခဲ့ကြောင်းလည်း သိရသည်။

လဟယ်မြို့လဟယ်မြို့ (တိုးချဲ့-၂)ရပ်ကွက်ရှိ ကျလွေချောင်းကမ်းပါးဘေးနားက ရေတိုက်စားမှုကြောင့် ပြိုကျသွားသည့် အိမ်ခြေ (၉)လုံးကပြည်သူများကို ဘေးလွတ်ရာ နေရာချထားရေးအတွက် ဆောင်ရွက်နေကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ထံမှသိရသည်။

ဆင်သေ-လဟယ် (၅၁/၀မိုင်)နှင့် လဟယ်-ဆင်သေအထွက်လမ်းမပေါ်ရှိတောင်ကျချောင်းရေကြောင့် တောင်ပြိုလမ်း ပိတ်ဆို့နေမှုတွေကြောင့် ကုန်စည်စီးဆင်းမှု မပျက်စေရေး အမြန်ဆုံး လမ်းကြောင်းပွင့်စေရေးအတွက် လမ်းအထူး(၁၉)မှ စက်ယန္တယားဖြင့် ဖယ်ရှားခဲ့ကြကြောင်း သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထွန်းထွန်းဝင်းမှ ကျလွေချောင်း ရေးအားလျှပ်စစ် နွံစစ်ကန်နှင့် ရေအားလျှပ်စစ် စက်ရုံကိုသွားရောက်ပြီး ဌာနဆိုင်ရာများမှ သဲ၊ကျောက်စလစ်များ၊နွံများ ဖယ်ရှားရှင်းလင်းနေမှုကိုကြည့်မှု့ခဲ့ပြီး လျှပ်စစ်မီးပုံမှန် အမြန်ပေနိုင်ရေး အမြန်ဆုံးဆောင်ရွက်ကြဖို့ မှာကြားခဲ့ကြောင်း သိရသည်။

တောင်ကျချောင်းရေများကျဆင်းမှုကြောင့် လူနေအိမ် (၉)လုံး ပျက်ဆီးဆုံးရှုံးခဲ့ရပြီးလူနှင့် တိရစ္ဆာန်ထိခိုက် မှုမရှိကြောင်းနှင့် ရေဘေးသင့်ပြည်သူအိမ်ထောင်စု(၉)စုလူဦးရေ (၄၇)ဦးတို့အား နီးစပ်ရာ ဆွေမျိုးများထံရွှေ့ပြောင်းနေရာချထားပြီး ကယ်ဆယ်ရေးနှင့်ပြည်လည်ထူ‌ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ