SME ကို MSME ဥပဒေအဖြစ် ခေတ်နှင့်လျော်ညီအောင် ဥပဒေမူကြမ်းရေးဆွဲရေးအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်နေပြီး ယခုနှစ်မကုန်မီ အတည်ပြုထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေ


(စီးပွားရေး) မေ ၂၉

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ပြဋ္ဌာန်းထားသည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး (SME)ဥပဒေကို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး(MSME)ဥပဒေအဖြစ် ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်ဖြည့်စွက် ပြဋ္ဌာန်းနိုင်ရန် အတွက် ဥပဒေမူကြမ်းရေးဆွဲရေးအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ပြီး ယခုနှစ်မကုန်မီ အတည်ပြုထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာနမထံမှ သိရသည်။

မေလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်အဆိုပါကိစ္စအားထည့်သွင်းဆွေးနွေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဩဒါ့အပြင် MSME လုပ်ငန်းရှင်များကို ချေးငွေများထုတ်ချေးရာတွင် ချေးငွေဆိုင်ရာ စံသတ်မှတ်ချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျစိစစ်ရွေးချယ်ပြီး ထုတ်ချေးပေးနိုင်ရေး အတွက် ချေးငွေစိစစ်ရေးအဖွဲ့များကို ဒေသဆိုင်ရာအေဂျင်စီများ၏ ကြီးကြပ်မှုအောက်တွင် ဖွဲ့စည်းပေးထားပြီးဖြစ်ပြီး ထုတ်ချေးပေးမည့် ချေးငွေပမာဏသတ်မှတ်ချက်အနေဖြင့် အသေးစား လုပ်ငန်းများအတွက် ကျပ် ၁၀ သန်း၊ အငယ်စားလုပ်ငန်းများအတွက် ကျပ်သန်း ၅၀ နှင့် အလတ်စားလုပ်ငန်းများအတွက် ကျပ်သန်း ၁၀၀ ထုတ်ချေးပေးရန် သတ်မှတ်ထားပြီး ၂၀၂၄ ခုနှစ် မေ ၁၇ ရက်အထိ MSME ချေးငွေလျှောက်ထားသူ ၁၇၅ ဦးရှိသဖြင့် ချေးငွေများ အမြန်ဆုံးထုတ်ချေးပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ