အစ္စရေးက ရာဖာမြိုကိုတိုက်ခိုက်ရာတွင် တိကျသောလက်နက်များကို အသုံးပြုခဲ့ကြောင်း အမေရိကန်ထံ သတင်းပို့


(နိုင်ငံတကာ) မေ ၂၉

အစ္စရေးက ၎င်းတို့အနေဖြင့် ရာဖာမြို့ကိုတိုက်ခိုက်ရာတွင် တိကျသောလက်နက်များကိုသာ အသုံးပြုခဲ့ကြောင်း အမေရိကန်အစိုးရထံသတင်း ပို့ခဲ့သည်။

သို့သော် တိုက်ခိုက်မှုသည် ပါလက်စတိုင်း စစ်ဘေးဒုက္ခသည်များနေထိုင်ရာ စခန်းအတွင်းထိမှန်ပြီး ပေါက်ကွဲမှုများက ဆီတိုင်ကီတစ်လုံးသို မီးကူးစေခဲ့ကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။

အစ္စရေးတို့၏ အဆိုပါတိုက်ခိုက်မှုအတွင်း အနည်းဆုံးလူ ၄၀ သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်းတာဝန်ရှိသူများက ပြောသည်။

အစ္စရေးက မေလ ၂၆ ရက်တွင် လုပ်ဆောင်သော အဆိုပါတိုက်ခိုက်မှုသည် ဝမ်းနည်းစရာကောင်းသော မတော်တဆထိခိုက်မှုသာဖြစ်ကြောင်းနှင့် ထိုကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ကပြောကြားခဲ့သည်။

နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ တရားရုံးက အစ္စရေးတာဝန်ရှိသူများကို ဖမ်းဝရမ်းထုတ်ကာ တိုက်ခိုက်မှုများ ရပ်တန့်ရန် တောင်းဆိုပြီးနောက်တစ်နေ့တွင် အစ္စရေးဘက်က ရာဖာမြို့အပေါ် ထပ်မံတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ