မြင်းမူမြို့နယ်၊ မြင်းမူ-မြောင်လမ်းခွဲကြားတွင် အကြမ်းဖက် PDF များ ထောင်ထားသည့် မိုင်းများအားဖော်ထုတ်ရှင်းလင်း


မေ ၂၉

ယမန်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ မြင်းမူ-မြောင်လမ်းခွဲကြားတွင် အကြမ်းဖက် PDF များမှ ရည်ရွယ်ချက်ရှိရှိ ပြည်သူများထိခိုက်ပျက်စီး စေရန် ထောင်ထားသည့် မိုင်း များကို တာဝန်သိပြည်သူများ၏ သတင်း‌ပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အထိအခိုက်မရှိ ဖော်ထုတ်ရှင်း လင်းပေးနိုင် ခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းရှိ အကြမ်ဖက် PDF များထောင်းထားသည့် မိုင်းများကို ရှင်းလင်းရာ မိုင်းမျိုးစုံ ၂၉ လုံး၊ ဝါယာကြိုး ၄ ခွေ၊ ဘက္ထရီအိုးကြီး ၂ လုံးတို့ကို သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။

NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု၊ မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင် ပစ်ခတ် တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု၊ မီးရှို့မှုများအပြင် လူနေအဆောက်အဦများနှင့် အစိုးရရုံးဌာနများကို လည်း Drop Bomb ဖြင့်ပစ်ချတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိကြောင်း သိရှိရပါသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ