ဘိုကလေးမြို့နယ်၊ ရွှေထူးကျေးရွာတွင် တစ်ရွာတည်းအတူနေသူ နှစ်ဦး အရက်မူးပြီး ရန်ဖြစ်စကားများရာမှ လူသတ်မှုဖြစ်ပွား


(ပြည်တွင်း) မေ ၂၉

ဧရာဝတီတိုင်း​​ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု၊ ရွှေထူးကျေးရွာတွင် မေလ ၂၈ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်ခန့်က လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ တစ်ရွာတည်းအတူနေသူ မောင်လှမင်းထိုက်(ခ)မဲကြီး၊ အသက် ၃၉ နှစ်နှင့် ဦးဝင်းကျော်၊ အသက် ၅၂ နှစ်တို့ နှစ်ဦးမှာ အရက်မူးပြီး အခိုက်မသင့် ရန်ဖြစ်စကားများရာမှ လှမင်းထက်(ခ)မဲကြီး မှ ဦးဝင်းကျော် အား ကပ်ကြေးဖြင့် ၁၄ ချက်ခန့်ထိုးသတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တရားခံ မောင်လှမင်းထက်(ခ)မဲကြီး အား ကြိမ်ချောင်းကြီးနယ်မြေရဲစခန်းမှ ထိန်းသိမ်းထားကြောင်း သိရှိရပြီး၊ သေဆုံးသူ ဦးဝင်းကျော်၏ ရုပ် အလောင်းအား ကြိမ်ချောင်းကြီး တိုက်နယ်ဆေးရုံသို့ မေလ ည ၁၁ နာရီအချိန်ခန့်တွင် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ