(ဆောင်းပါး) မင်းထက်ကျော်ဇော
မနက်စောစောစီးစီး မင်္ဂလာမရှိသော သတင်းတစ်ပုဒ်ကြားရပြန်သည်။ မြစ်ကြီးနားမြို့ထဲကို သောင်း ကျန်းသူများမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ကြလို့ အပြစ်မဲ့ပြည်သူအချို့ ထိခိုက်ဒဏ်ရာရကြသည် တဲ့။ ဒီဖြစ်စဉ်မတိုင်ခင် မြင်းခြံမြို့ ဆုံရွာကို PDF များကား ပျူစောထီးရွာဟု သမုတ်ကာ ရွာသူ/ရွာသားနှင့် ကလေးငယ်များကို အစုလိုက် အပြုံလိုက် သတ်ဖြတ်သည့် ကိစ္စဖြစ်ပွားခဲ့သည်။ အတော်ကို စိတ်မချမ်းမြေ့ စရာပင်။
နိုင်ငံတော်သည် စီးပွားရေး ကဏ္ဍနှင့် အခြား စက်မှုလက်မှုကဏ္ဍများတွင် ဘေးနံ နိုင်ငံများထက် ပိုမိုသာ လွန်အောင် ကြိုးစားဖို့နေနေသာသာ စစ်မီးတွေတောက်လောင်ရင်း တိုင်းပြည်မှာ အင်အားတွေချိနဲ့လာ သည်ကို မြင်ရသည်မှာလဲ မချိလှ။
၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် ဖြစ်စဉ်ကို ပြန်ပြောလျှင်လည်း ဓာတ်ပြားဟောင်းကြီး အက်ရာထင်ရုံ သာမက ကျိုးပါ ကျိုးတော့မည်ဖြစ်သဖြင့် ပြောဆိုလိုခြင်းမရှိတော့။ သို့သော် တပ်မတော်မှ အာဏာထိန်းခြင်းမှာ အကြောင်းအကျိုး တိုက်ဆိုင်သွားလို့ ထိန်းခြင်းဖြစ်ပြီး တကယ်လို့များ ထိုစဉ်က အာဏာရပါတီ NLD မှ မဲစာရင်းစစ်ဆေးခံလိုက်လျှင်တော့ ဒါမျိုး ဖြစ်လာမှာမဟုတ်ဘူးဆိုတာ မြေကြီးလက်ခတ်မလွဲပင်။
ထားလိုက်ပါတော့။
ခုတော့ ဒါတွေပြောနေလဲဘာမှမထူး။ ဘယ်ဘက်ကမှန်သည် ဘယ်ဘက်ကမှားသည်ဆိုတာထက် ဘာ ဆက်လုပ်ကြမလဲဆိုတာကိုသာ စဉ်းစားရမည်ဖြစ်သည်။ ထိုသို့စဉ်းစားရာမှာလဲ နိုင်ငံတော်၏အချုပ် အခြာအာဏာနှင့် ပြည်သူ့ မျက်နှာကိုကြည့်ဖို့လိုပါသည်။
၁၀၂၇ ကျူးကျော်စစ်မတိုင်ခင် နိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်း၊ ချင်း စသည့်ဒေသမှပြည်သူတွေ စစ်ရဲ့ဒဏ်ကို အလူးအလဲခံရသော်လည်း နယ်စပ်ဒေသရှိ ပြည်သူများကတော့ စစ်ရဲ့ဆိုးမွေကို မခံစားရပဲ ငြိမ်သက် လျက်ရှိသည်။ သို့သော် ကိုယ်ကျိုးစီးပွားနှင့်ခွဲထွက်ခွင့်ကိုသာ မျှော်လင့်စောင့်စားနေသည့် လက်နက်ကိုင် များသည် တပ်မတော်စစ်မီးဝိုင်း၊ ပြည်သူစည်းလုံးမှုပြိုကွဲသည်ကို အကြောင်းပြုကာ နိုင်ငံကြီးများ၏ အကူအညီ ကို ယူပြီး ၁၀၂၇ ကျူးကျော်စစ်ကို စတင်ဖန်တီးသည်။ ထို့မှသည် ကယား၊ ကချင်၊ ရခိုင်၊ ကရင် စသည့် နယ်မြေများတစ်လျှောက် စစ်ဒဏ်ကို ကူးစက်ခံရပြန်သည်။
စစ်ဆိုသည်မှာ တစ်ဖက်နှင့်တစ်ဖက် သေအောင်ကြေအောင် ပစ်ခတ်နေကြသည်မို့ ဘယ်သူနိုင်နိုင် ဘယ် သူရှုံးရှုံး ထိုဒေသမှာရှိသည့် အပြစ်မဲ့ပြည်သူများနှင့် သူတို့၏အိုးအိမ်များ ပျက်ဆီးရသည်က ဓမ္မတာ ပင်။ တိုင်းရင်းသားတန်းတူညီမျှမှုရှိဖို့ တိုက်ခိုက် နေသည်ဆိုသည့် သကောင့်သား လက်နက်ကိုင်များ တိုက်ခိုက်ကာမှ တိုင်းရင်းသားပြည်သူများ အထုပ်ပိုက်ကာပြေးကြရတော့သည်။ အသက်လုကာ အိုးအိမ် စွန့်ကြရသည်။
မနေ့က ကြားသိရသည့် သတင်းတွေအရဆိုလျှင် တစ်နိုင်ငံလုံးစစ်ဘေးရှောင်ရသည့် ပြည်သူအရေ အတွက်မှာ UNနှင့်NGOsအဖွဲ့အစည်းများမှ ကောက်ခံထားသည့် စာရင်းအရဆိုလျှင် သိန်းနဲ့ချီရှိသည် ဆိုပါတကား။ အစ ပထမ ဒင်းတို့ စစ်မတိုက်ခင်က အရှေ့မြောက်မှ လောက်ကိုင်၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ မုံးကိုး၊ နမ့်ဆန် ကအစ အနောက်ပိုင်းမှ မြောက်ဦး၊ ကျောက်တော် အလယ် အရှေ့တောင်မှ မြဝတီ၊ သင်္ကန်းညီနောင်မကျန်၊ မြောက်ဖျားမှ မံစီ ၊ ဝိုင်းမော် အဆုံး အေးချမ်းတည်ငြိမ်လို့။
သူတို့အခေါ် လူမျိုးကြီးဟုခေါ်ဆိုသမုတ်သည့် ဗမာလဲ ထိုဒေသတွင် စာသင်ခွင့်ရသလို တိုင်းရင်းသား များမှာလည်း စာသင်ခွင့်ရသည်။
ဗမာလည်း ထိုဒေသတွင် စီးပွားရေးလုပ်ခွင့်ရသလို တိုင်းရင်းသားများမှာလည်း လုပ်ခွင့်ရှိသည်။ ဒါကို တန်းတူညီမျှမှုမရှိပဲ လူမျိုးကြီးဝါဒကျင့်သုံးနေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်ထတိုက်တော့ စာ သင်ဖို့ စီးပွားရေးလုပ်ဖို့ဆိုတာ ဝေးကုန်သည်။
ဒါလား တိုင်းပြည်ကို ချစ်တာ။ ဒါလား ပြောလျှင်လဲ ကျော်ဇော အလွန်ဖြစ်မည်။
ထားပါလေ။
တိုင်းရင်းသားတွေကိုချစ်တာ။
ဆောင်းပါး၏ ခေါင်းစဉ်ဖြစ်သည့် ပြည်သူ့မျက်နှာကိုကြည့်ကြပါလို့ ထပ်လောင်းပြောဆိုလိုပါသည်။ ပြည် သူသည် လက်နက်မရှိ၊ ပြည်သူ သည် ဘာဆို ဘာမှမရှိ။ အေးချမ်းမှုကိုသာ တောင့်တကြသည်။ ငြိမ်းချမ်းမှု ကို ဖန်တီးပေးခြင်းသည် ပြည်သူ့ မျက်နှာကို ကြည့်ချင်းသာဖြစ်သည်။ မဟုတ်ပဲ စစ်ကိုသာဖန်တီးနေမည် ဆိုပါက ပြည်သူကိုချစ်သည်ဆိုတာ ချီးစားပြောလျင်တောင် ချီးကြိုက်လို့ဆိုပြီး မှတ်ရမည်ဖြစ်သည်။
ခုရက်ပိုင်း မီဒီယာမှာ NSPNCနှင့် မြောက်ပိုင်းသုံးဖွဲ့ ကူမင်းမှာထပ်မံတွေ့ဆုံသည်ဆိုတာ ကြားရသည်။ NSPNC ကတော့ရှင်းသည်။ ဆွေးနွေးသမျှ ဦးတည်သည်ကား ဒေသတည်ငြိမ်ရေးနှင့် စစ်ဘေးသင့်ပြည် သူများ ပြန်လည်နေထိုင်ရေးကို ဦးတည်ကာဆွေးနွေးခဲ့သည်။ သို့သော် တစ်ဖက်တိုင်းရင်းသားလက်နက် ကိုင်ဆိုသည့် မြောက်ပိုင်းသုံးဖွဲ့ရဲ့ဆွေးနွေးချက်တွေကတော့ ခုချိန်ထိ ထိုဒေသကြီး ငြိမ်းချမ်းရေးပြန်လည် ရရှိဖို့ အလှမ်းဝေး နေရုံသာမက ဒီတစ်နေရာတွင် တည်ငြိမ်သွားပါက နောက်ထပ် တစ်နေရာ တွင် မတူကွဲ ပြားစွာ စစ်ပွဲ ဖန်တီးချင်သည့် သဘောတွေပါနေသည်လို့ စိတ်မကောင်းဖွယ်ရာ ကြားရသည်။
AA ထွန်းမြတ်နိုင်ဆိုလျှင် မီဒီယာမှာ မြေကြီးပဲကျန်လျင်ကျန်၊ တပ်ကို ပြန်လည် ပုန်ကန်ဆိုသည့် သဘော မျိုး ပြောကြားရင်း ရခိုင်ဒေသရှိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ဥပက္ခေါ အတိအလင်းပင် ပြလိုက်သည်။
TNLA တာဘုန်းကျော်လဲ ဘာထူး။ လားရှိုးနှင့် ဆက်စပ်နယ်မြေများကို အချိန်ရလျင် ရသလို ကျူးကျော်ဖို့ စဉ်းစားနေတုန်း။
ဒါကို မီဒီယာတချို့က သောင်းကျန်းသူ ထိန်းချုပ်ထားသည့် နယ်မြေများကို မစားရ ဝခမန်း မူဗီတွေတင် ကြသည်။ တပ်ကို ရှုံးနိုမ့်နေပါပြီပေါ့။ သို့သော် ထိုဒေသကို သေနတ် တွေမိုးပေါ်ထောင်ကာ ဓာတ်ပုံတွေ ရိုက်ပြီး သိမ်းပိုက်ထားနိုင်သော်လည်း ကုန်စည် စီးဆင်းမှုမရှိ ပြည်သူလူထုမရှိပဲ အချိန်အကြာကြီး ဆုပ်ကိုင်ထားဖို့မလွယ်ဆိုတာ တိုင်းရင်းသားလက်နက်ကိုင် အမည်ခံ သောင်းကျန်းသူများရော၊ အာဏာ ရရှိရေးစစ်ပွဲတိုက်နေသည့် NUG/PDF များရော သိကြသည်။ နိုင်ငံကြီးအချို့ထံမှ ထောက်ပံ့မှုတွေ နှင့် အသက်ဆက်လျင်လည်း အလွန်ဆုံးခံ တစ်နှစ်ပေါ့။
ဆိုတော့
ဒီအကြောင်းအရာတွေကို အွန်လိုင်းမှာအောင်ပွဲခံနေသည့် အေးချမ်းသည့်အရပ်ဒေသမှာနေပြီး စစ်ပွဲနှင့် မိုင် ၁၀၀ လောက်ဝေးသည့် ဒေသမှာနေသည့် NLD ထောက်ခံသည့် လူအချို့မသိပဲ ဆက်ပြီးစစ်ကို ထောက်ခံနေလျှင်တော့ တိုင်းပြည်မှာ နစ်သထက်နစ်ပြီး တစစီပြိုကွဲသွားရုံသာရှိတော့သည်။
ခုတောင် နိုင်ငံသည် အင်အားကြီးနိုင်ငံကြီးအချို့ရဲ့ ကြားခံ Proxy War အဖြစ် လက်နက်စမ်းသပ်မှုကို ခံရင်း ထောင်းမမောင်း အတော်ကျေနေပြီဖြစ်သည်။ တပ်မတော်ပဲ နိုင်နိုင် တစ်ဖက်က သောင်းကျန်း သူတွေပဲနိုင်နိုင် သေချာတာကတော့ ယခင်သမ္မတကြီး ဦးသိန်းစိန်ခေတ်လို ပြန်လည်ရရှိဖို့ကတော့ မနည်း ကို ကြိုးစားကြရပါဦးမည်။
တချို့ကတော့ လွယ်သည် ငါ့စကား နွားရပြောသည်။ စစ်နိုင်ပြီးမှ ပြန်လည် ထူထောင်ရေးလုပ်မည်တဲ့။ ဟုတ်ကဲ့ လက်ရှိဖြစ်နေသောစစ်သည် မြန်မာချင်းတိုက်နေသောစစ်ဖြစ်သည်။ တစ်ဖက်နိုင်ငံမှ ကျူးကျော် သည့်စစ်မဟုတ်။ နိုင်ငံကြီးတွေမှ ကျူးကျော်ချင်သောနေရာကို ထောက်ပံ့မှုတွေပေးပြီး အချင်းချင်း စစ်တိုက်စေနေသည့် စစ်ဖြစ်သည်။ ဘယ်လိုများ စဉ်းစားလိုက်လဲဆိုတာ တွေးလို့ကိုမရတော့။
ဟုတ်ပါပြီ
ဒါဆိုလျှင် ဘာလုပ်မည်နည်း။ ပြည်သူ့မျက်နှာကိုကြည့်ပြီး နိုင်ငံရေး စကားဝိုင်းထဲမှာ ပြဿနာကို အဖြေ ရှာရပါမည်။ ငြိမ်းချမ်းရေးဆောင်ရွက်ကြရပါမည်။ ငြိမ်းချမ်းရေးရှိမှ တိုင်းပြည်တိုးတက်ရေးဆောင်ရွက် နိုင်မည်ဖြစ်သည်။
ငြိမ်းချမ်းရေးကို ဆောင်ရွက်ဖို့ အရင်ဆုံး ယုံကြည်မှုတည်ဆောက်ဖို့လိုသည်။ ယုံကြည်မှုတည်ဆောက်ဖို့ ဆိုတာ သေနတ်ကိုင်ပစ်နေလျှင်တော့ ဒီဘဒ္ဒကမ္ဘာကုန်တောင်မရနိုင်။ ထို့ကြောင့် အပစ်တွေရပ် လက်နက်တွေ ခဏချရင်း တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှုရရှိသည်အထိ တည်ဆောက်ပြီး ငြိမ်းချမ်းရေး လမ်းကို လျှောက်လှမ်းရမည်ဖြစ်သည်။
တပ်မတော်သည် ဖယ်ဒရယ်စနစ်ကို လက်သင့်ခံပါသည်လို့ လဲ တပ်မတော် ပြောခွင့်ရ ပုဂ္ဂိုလ်ကိုယ်တိုင် ပြောကြားပြီးဖြစ်သည်။ ဒါကြောင့် ယုံကြည်မှုတည်ဆောက် ပြီး တည်ငြိမ်သွားသည်နှင့် လွှတ်တော်မှာ နိုင်ငံရေးစကားတွေဆက်ပြောလို့ရလာမည် ဖြစ်သည်။
စစ်ကိုနိုင်အောင်တိုက်ပြီးမှ တိုင်းပြည် ပြန်လည်ထူထောင်မည်ဆိုသည့် အယူဝါဒ တွေ မှန်/မမှန်ဆိုတာ အာဖဂန်နစ္စတန်၊ လစ်ဗျား တို့ကို ကြည့်ပြီး သုံးသပ်ကြပါ။
ပြည်သူ့ မျက်နှာကိုကြည့်ကြပါ။
လက်ရှိအခြေအနေတွင် အေးချမ်းသည့်အရပ်ဒေသမှာနေသည့် ပြည်သူများသည် နိုင်ငံရေးမတည်ငြိမ်မှု ကြောင့် ဖြစ်လာသည့် စီးပွားရေးဒဏ်ကို အလူးအလဲခံစားရသလို မတည်ငြိမ်သည့် ဒေသမှာနေထိုင်သည့် ပြည်သူသည်လည်း အသက်လုပြေးနေကြရသည်။ ဘယ်သူ့ကြောင့်ဖြစ်သည် ဘယ်ဝါ့ကြောင့် ဖြစ်သည် ဆိုပြီး ချီးခြောက်ရေနူး ပြောနေမည့်အစား ပြည်သူ့မျက်နှာကိုကြည့်ပြီး စစ်မီးမွှေးနေမှုများကို ပြန်လည် ဆန်းစစ် ကြပါလို့ တိုက်တွန်းချင်ပါသည်။
ပြောတော့ ပြည်သူထောက်ခံတဲ့ပါတီ ပြည်သူ့လက်နက်ကိုင်ဆိုပြီး ပြည်သူတွေဒုက္ခဆက်ရောက်မည့် လုပ်ဆောင်ချက် တွေကို လုပ်ဆောင်နေလျှင်တော့ တချိန်မှာ ပြည်သူရဲ့ မေတ္တာကိုစူးမည်ဖြစ်သလို နိုင်ငံတော်သည်လည်း ချွတ်ခြုံကျသထက်ကျသွားမည်ဆိုတာ စာရေးသူ စိတ်မကောင်းဖွယ်ရာ တွေးမိပါသည်။
“ငြိမ်းချမ်းရေးပန်းခင်းထဲမှာ ပျော်မွေ့ မယ်”
#PAN