ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို တော်ဝင်စော်ကားမှုဖြင့် တရားစွဲခံရမည်

မေ ၂၉

      ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာအား ဘုရင်စနစ်ကို စော်ကားမှု စွဲချက်နှင့် လာမည့်လတွင် ရုံးတင်စစ်ဆေးတော့မှာ ဖြစ်သည်ဟု သိရသည်။ထိုင်းနိုင်ငံ၏ ရှေ့နေချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ပရာယွတ် ပီချာရာကွန်းက အသက် ၇၄ နှစ်ရှိ သက်ဆင်အား ဇွန် ၁၈ ရက်တွင် ရုံးထုတ်ရန် ဆင့်ခေါ်မည်ဟု ပြောကြားပြီး ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံးဖြစ်သည့် ထိုင်းနိုင်ငံ ၏ အချုပ်အခြာအာဏာကို ဆန့်ကျင်ကျူးလွန်သည့် ရာဇ၀တ်မှုဥပဒေဖြင့် စွဲ ချက်တင်ထားသည်။  ၎င်းမှာ ကွန်ပြူတာ ရာဇ၀တ်မှု အက် ဥပဒေ ချိုးဖောက်မှုဖြင့်လည်း စွဲချက်တင်ခံထားရသည်။

      ထင်ရှားသော ဆက်သွယ်ရေးလုပ်ငန်းရှင် သူဌေးကြီး သက်ဆင်သည် ၂၀၀၁ ခုနှစ်တွင် ပထမဆုံး ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံခဲ့ရသော်လည်း ငါးနှစ်အကြာတွင် မြို့ပြလူလတ်တန်းစားများ၏ အစုလိုက် အပြုံလိုက် ဆန္ဒပြမှုများနှင့် တော်ဝင်လိုလားသူ စစ်ဘက်လိုလားသူများကြားတွင် ၎င်း၏မူဝါဒများအပေါ် မကျေမနပ်ဖြစ်ကာ စစ်တပ်က အာဏာသိမ်းပြီးနောက် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ သက်ဆင်သည် ပြည်ပသို့ ထွက်ခွာသွာပြီးနောက်တွင်ပင် ၎င်း၏ လူကြိုက်များသော နိုင်ငံရေးလှုပ်ရှားမှုသည် ရွေး ကောက်ပွဲတွင် ဆက် လက်အနိုင်ရရှိခဲ့သော်လည်း အာဏာသိမ်းမှု သို့မဟုတ် တရားရုံး စီရင်ချက်ချခြင်းတွင် မဆုတ်မနစ်သော နိုင်ငံရေးအုံကြွမှုများကြားမှ ဖြုတ်ချခံခဲ့ရသည်။

၂၀၁၄ ခုနှစ်တွင် သက်ဆင်၏ညီမဖြစ်သူ ယင်းလပ်ရှင်နာဝပ်ထံမှ အာဏာသိမ်းယူခဲ့သော စစ်ဗိုလ်ချုပ်များက နောက်ဆုံးစွပ်စွဲချက်များကို လုပ်ဆောင်ခဲ့ပြီး နောက်နှစ်တွင် တောင်ကိုရီးယားမီဒီယာသို့ ၎င်း၏ အင်တာဗျူးတစ်ခုနှင့် ဆက်စပ်နေသည်ဟု သိရပါသည်။ “ဘုရင်စနစ်ကို စော်ကားတဲ့အတွက် သက်ဆင်ကို ရှေ့နေချုပ်က စွဲချက်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု ပရာယွတ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

       သက်ဆင်သည် ၎င်း၏သမီးဖြစ်သူ ဦးဆောင်သော ဖြူးထိုင်းပါတီ အာဏာရပြီးနောက် ပြီးခဲ့သည့် သြဂုတ်လက ထိုင်းနိုင်ငံသို့ ပြန်လာခဲ့သည်။

     ဆန္ဒပြသူများ၊ တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေး သမားများနှင့် နိုင်ငံရေးပါတီများ အားလုံးသည် ဘုရင် Maha Vajiralongkorn နှင့် ၎င်း၏ ရင်းနှီးသော မိသားစုကို အကာအကွယ်ပေးသည့် ထိုင်းနိုင်ငံ၏ တော် ဝင်အသရေဖျက်မှု ဥပဒေများကို မှားယွင်းစွာ ကျင့်သုံးခဲ့ကြပြီး ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုသည့် လူငယ်များက ၂၀၂၀ ခုနှစ်မှစ၍ ပိုမိုတွင်ကျယ်စွာ အသုံးပြုလာခဲ့ကြသည်။  စွဲချက်တစ်ခု စီသည်ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။

      သက်ဆင်၏ရှေ့နေ Winyat Chatmontree က သန်းကြွယ်သူဌေးကြီးသည် အဆိုပါစွဲချက်များအား ခုခံချေပမည်ဟု ပြောကြားခဲ့သည်။  “တရားစီရင်ရေးစနစ်မှာ သူ့အပြစ်မရှိကြောင်း သက်သေပြဖို့ အဆင် သင့်ပါပဲ” ဟု Winyat က သတင်းထောက်များအား ပြောကြားခဲ့သည်။ တရားမျှတသော နိုင်ငံရေးဆွေး နွေးငြင်းခုံမှုကို တားဆီးရန် ဥပဒေကို အလွဲသုံးစားလုပ်ခဲ့သည်ဟု ဝေဖန်သူများက ဆိုသည်ဟု Aljazeera သတင်းတွင် ဖော်ပြထားသည်။

#PAN